အခြေခံပညာ ကျောင်းသားအားကစားပွဲတော် အားကစားနည်းအလိုက် ပြိုင်ပွဲများ ဆက်လက်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အခြေခံပညာ ကျောင်းသားအားကစားပွဲတော် အားကစားနည်းအလိုက် ပြိုင်ပွဲများ ဆက်လက်ကျင်းပ


MNP  -    ဇန်နဝါရီ   ၂၅

၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ ကျောင်းသားအားကစားပွဲတော်၌ သက်ဆိုင်ရာ အားကစားနည်းများအလိုက် သတ်မှတ်ထားသော အားကစားကွင်းရုံများတွင် ယနေ့နံနက်ပိုင်းမှ စတင်ပြီး ဆီမီးဖိုင်နယ်နှင့် ဖိုင်နယ်ပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုင်ကစားကြသည်။


ယနေ့ညနေပိုင်းတွင် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ အမျိုးသားဘောလုံးပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် ရှမ်းပြည်နယ်အသင်း၊ အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ကရင်ပြည်နယ်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားကြသည်။


အဆိုပါယှဉ်ပြိုင်ကစားနေမှုကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံ၊ ဒုတိယဗိုလ်ချုပ်ကြီး အောင်အောင်၊   ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ    ကျောင်းသား ကျောင်းသူ အားကစားမောင်မယ်များ လာရောက်ကြည့်ရှုအားပေးသည်။


ယနေ့နံနက်မှစတင်၍ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ Boxing အားကစားခန်းမ၌ ကျင်းပသည့် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးအသင်းက ရှမ်း ပြည်နယ်အသင်းကို နှစ်ပွဲပြတ်ဖြင့် အနိုင်ရရှိသည်။


ဝဏ္ဏသိဒ္ဓိအားကစားကွင်း (B)ရုံ၌ ကျင်းပသည့် အမျိုးသမီးဘော်လီဘော ဆီမီးဖိုင်နယ်ပွဲစဉ်တွင်    ဧရာဝတီတိုင်းဒေသကြီးအသင်းက စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို သုံးပွဲပြတ်ဖြင့် လည်းကောင်း၊ တနင်္သာရီတိုင်း ဒေသကြီးအသင်းက  မကွေးတိုင်းဒေသကြီး အသင်းကို သုံးပွဲပြတ်ဖြင့် လည်းကောင်း အနိုင်ရရှိကြပြီး အမျိုးသားဘော်လီဘော ဆီမီးဖိုင်နယ်ပွဲစဉ်တွင် ရှမ်းပြည်နယ်အသင်းက ကချင်ပြည်နယ်အသင်းကို သုံးပွဲတစ်ပွဲဖြင့် လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအသင်းက   နေပြည်တော်ကောင်စီနယ်မြေ အသင်းကို သုံးပွဲနှစ်ပွဲဖြင့်လည်းကောင်း အနိုင်ရရှိကြကာ  ဗိုလ်လုပွဲသို့  တက်ရောက် သွားကြပြီဖြစ်သည်။


နံနက်ပိုင်းတွင် ကျင်းပသည့် အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး အသင်းက ကချင်ပြည်နယ်အသင်းကို နှစ်ဂိုး- တစ်ဂိုးဖြင့် လည်းကောင်း၊ အမျိုးသားဘောလုံး ပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအသင်းက မန္တလေးတိုင်းဒေသကြီးအသင်းကို နှစ်ဂိုး-ဂိုးမရှိ ဖြင့် လည်းကောင်း အနိုင်ရရှိကာ ဗိုလ်လုပွဲသို့ တက်ရောက်သွားကြသည်။


ညနေပိုင်းတွင် ကျင်းပသည့် အမျိုးသား ဘောလုံးပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး အသင်းက  ရှမ်းပြည်နယ်အသင်းကို သုံးဂိုး- နှစ်ဂိုးဖြင့် လည်းကောင်း၊ အမျိုးသမီးဘောလုံး ပြိုင်ပွဲတွင် ကရင်ပြည်နယ်အသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်းကို ခြောက်ဂိုး-တစ်ဂိုး ဖြင့်လည်းကောင်း  အနိုင်ရရှိကာ ဗိုလ်လုပွဲသို့ တက်ရောက်သွားကြသည်။


ဇန်နဝါရီ ၂၆ ရက်တွင် ဘော်လီဘော (အမျိုးသား၊ အမျိုးသမီး) ဗိုလ်လုပွဲစဉ်များကို လည်းကောင်း၊ ဇန်နဝါရီ ၂၇ ရက်တွင် ဘောလုံး (အမျိုးသား၊ အမျိုးသမီး) ဗိုလ်လုပွဲစဉ်များ ကိုလည်းကောင်း ဆက်လက်ယှဉ်ပြိုင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)