ဝန်ထမ်းအဖွဲ့အစည်း ဒုတိယအကြီးအမှူး စီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ်(၆)နှင့် အဆင့်မြင့်အရာထမ်း စီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ်(၁၉) သင်တန်းဆင်းပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝန်ထမ်းအဖွဲ့အစည်း ဒုတိယအကြီးအမှူး စီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ်(၆)နှင့် အဆင့်မြင့်အရာထမ်း စီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ်(၁၉) သင်တန်းဆင်းပွဲ ကျင်းပ


MNP  -   ဇန်နဝါရီ   ၂၅

ဝန်ထမ်းအဖွဲ့အစည်း ဒုတိယအကြီးအမှူးစီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ်(၆)နှင့် အဆင့်မြင့်အရာထမ်း စီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ်(၁၉) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ကေတုမတီခန်းမ၌ ကျင်းပသည်။


စဉ်ဆက်မပြတ်လေ့လာ


သင်တန်းဆင်းပွဲတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က အဆင့်မြင့် အရာရှိကြီးများသည် နိုင်ငံတော်အစိုးရက ချမှတ်ထားသည့် မူဝါဒများကို ဦးဆောင်အကောင်အထည် ဖော်နေကြရသူများဖြစ်သည့်အတွက် ပြောင်းလဲလာသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အုပ်ချုပ်ရေးဖြစ်စဉ်များကို စဉ်ဆက်မပြတ် လေ့လာသွားကြရန်လိုကြောင်း၊ ခေါင်းဆောင်ကောင်း အင်္ဂါရပ်နှင့်အညီ မိမိကိုယ်ကို စံပြပုဂ္ဂိုလ်တစ်ဦးဖြစ်အောင် ပြောဆို၊ ပြုမူနေထိုင်မှုများကို သတိဖြင့် လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အပေါ် သစ္စာရှိကြရန်နှင့် လုပ်ဖော်ကိုင်ဖက်များ ကိုလည်း တိုင်းပြည်ချစ်စိတ်၊ နိုင်ငံချစ်စိတ်များရှိလာအောင် စံပြုနေထိုင်သွားကြရန်လိုကြောင်း။


ယုံကြည်လေးစားထိုက်သော အရည်အချင်းများဖြင့် ပြည်သူက လေးစားတန်ဖိုးထားရသူများ ဖြစ်အောင်နေထိုင်ပြီး လုပ်ငန်းတာဝန်များကို တိကျမှန်ကန် မြန်ဆန်စွာ ဝန်ဆောင်မှုပေးနိုင်ရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တာဝန်ဝတ္တရားများကို ကျေပွန်စွာထမ်းဆောင်ရင်းဖြင့် “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ”ဟူသည့် ဆောင်ပုဒ်အတိုင်း နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)မှ လေ့ကျင့်သင်ကြားပေးခဲ့သော ပညာရပ်များကို လက်တွေ့နယ်ပယ်တွင် ပေါင်းစပ်အသုံးပြုနိုင်ရေး ဆောင်ရွက်သွားကြရန်လိုကြောင်း၊ အဆင့်မြင့်အရာရှိကြီးများအနေဖြင့် မိမိတို့အား အပ်နှင်းထား သည့် လုပ်ငန်းတာဝန်များကို အထူးအလေးထား ဆောင်ရွက်သွားကြရန်လိုကြောင်း တိုက်တွန်း ပြောကြားသည်။


ဝန်ထမ်းအဖွဲ့အစည်း ဒုတိယအကြီးအမှူး စီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ်(၆)သို့ သင်တန်းသား သင်တန်းသူ ၁၇ ဦးနှင့် အဆင့်မြင့်အရာထမ်း စီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ်(၁၉)သို့ သင်တန်းသား သင်တန်းသူ ၄၁ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)