လူမှုရေးဆိုင်ရာ စီမံခန့်ခွဲမှုဆိုင်ရာ သတင်းအချက်အလက်စနစ် စမ်းသပ်အသုံးပြုခြင်းနှင့် Excel Data Migration ပြုလုပ်ခြင်း သင်တန်းဖွင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လူမှုရေးဆိုင်ရာ စီမံခန့်ခွဲမှုဆိုင်ရာ သတင်းအချက်အလက်စနစ် စမ်းသပ်အသုံးပြုခြင်းနှင့် Excel Data Migration ပြုလုပ်ခြင်း သင်တန်းဖွင့်ပွဲကျင်းပ


MNP  -    ဇန်နဝါရီ ၂၅

လူမှုရေးဆိုင်ရာစီမံခန့်ခွဲမှုဆိုင်ရာ သတင်းအချက် အလက်စနစ် (Social Management Information System-SMIS) စမ်းသပ်အသုံးပြုခြင်းနှင့် Excel Data Migration ပြုလုပ်ခြင်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည်။ ဖွင့်ပွဲအခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က မိမိတို့ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံ အမျိုးသားအဆင့် လူမှုကာကွယ်စောင့်ရှောက်ရေး မဟာဗျူဟာစီမံချက်တွင်ပါဝင်သည့် အဓိကလုပ်ငန်းစဉ်များအနက် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသည့် အသက်နှစ်နှစ်အောက် ကလေးသူငယ်များကို ငွေကြေးထောက်ပံ့ခြင်းအစီအစဉ်(MCCT) လူမှုရေးပင်စင်အစီအစဉ်နှင့် လူမှုဖြစ်ရပ် စီမံခန့်ခွဲခြင်း အစီအစဉ်တို့ကို SMIS Platform တစ်ခုတည်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် တပ်မတော်သတင်းနည်းပညာဌာန၏ အကူအညီဖြင့်ရေးဆွဲခဲ့ရာ ယခုဆိုလျှင်လူမှုရေးစီမံခန့်ခွဲမှုဆိုင်ရာ သတင်းအချက်အလက်စနစ် (SMIS) အကောင်အထည်ပေါ်အောင်မြင်ခဲ့ပြီ ဖြစ်ပါကြောင်း။


Social Pension အစီအစဉ်နှင့် MCCT အစီအစဉ်တို့တွင် လက်ရှိအကျိုးခံစားလျက်ရှိသည့် အကျိုးခံစားခွင့်ရှိသူ စာရင်းများအား SMIS စနစ်အတွင်းသို့ Data Migration ပြုလုပ်ဆောင်ရွက်နိုင်ရန်နှင့် SMISစနစ်အား စမ်းသပ်အသုံးပြုခြင်းဆိုင်ရာ သင်တန်းကို ယခုလအတွင်း ပထမအကြိမ်ဖွင့်လှစ်ခဲ့ပြီးဖြစ်ပါကြောင်း၊ Social Pension အစီအစဉ်၏ Data Mi-gration သင်တန်းပို့ချရန် ကျန်ရှိသည့်မြို့နယ်ပေါင်း ၂၀၀ ကျော်ရှိ သင်တန်းသားများနှင့် ယခုကဲ့သို့ဒုတိယအကြိမ် သင်တန်းဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ သင်တန်းသား သင်တန်းသူများအနေဖြင့်လည်း အထူးဂရုပြုအလေးအနက်ထားပြီး လိုက်နာသင်ယူသွားကြရန် အရေးကြီးပါကြောင်း၊ SMIS Software နှင့် ဆောင်ရွက်ခြင်းဖြင့် လူမှုဝန်ထမ်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ပြည်သူသို့ဝန်ဆောင်မှုပေးသောလုပ်ငန်းများ ပိုမိုကောင်းမွန်ထိရောက်လာစေခြင်းနှင့် သတင်းအချက်အလက်များ ပိုမိုလုံခြုံ စိတ်ချရခြင်း စသည့် အကျိုးကျေးဇူးများရရှိမည် ဖြစ်ကြောင်း ပြောကြားသည်။


သင်တန်းဖွင့်ပွဲအခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနမှတာဝန်ရှိသူများ၊တပ်မတော်သတင်းနည်းပညာ ဌာနမှတာဝန်ရှိသူများနှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ သင်တန်းသားသင်တန်းသူ စုစုပေါင်း ၇၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)