MNP - ဇန်နဝါရီ ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ မြွေဟောက်- ကြာဂရက်လမ်းခွဲ ကျောက်အမာခံလမ်းလုပ်ငန်း အခြေအနေအား ပုသိမ်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက ယနေ့မွန်းလွဲပိုင်းက အရည်အသွေးပြည့်မီစေရေး ကွင်းဆင်းစစ်ဆေးခဲ့သည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် “အောင်ဧရာသား” ကုမ္ပဏီမှ တင်ဒါအောင်မြင်ဆောင်ရွက်မည့် မြွေဟောက်-ကြာဂရက်လမ်းပိုင်းသည် လမ်း၏ အရှည် ၀ မိုင် ၄ ဖာလုံ၊ အကျယ် ၁၂ ပေ၊ ထု ၆ လက်မဖြင့် ခွဲကျောက် အမာခံခြင်း လုပ်ငန်းအား ရန်ပုံငွေ (၄၈.၅၅၀)သန်းဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး၊ ကျေးရွာ(၄)ရွာ၊ အိမ်ခြေ (၅၈၆)အိမ်၊ လူ ဦးရေ(၂၀၈၀)ဦးအား အကျိုးပြုသောလမ်း ဖြစ်ပါသည်။ အဆိုပါ ခွဲကျောက်အမာခံလမ်း ခိုင်ခန့်စေရန်အတွက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေအား ပုသိမ်ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်သူမင်းက ကွင်းဆင်းစစ်ဆေး၍ အရည်အသွေး ပြည့်မီစွာဖြင့် လုပ်ငန်းအချိန်မီ ပြီးစီးစေရေး အလေးထားဆောင်ရွက်သွားရန် လမ်းညွှန်မှာ ကြားခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်
https://t.me/MyanmarNationalPost
No comments:
Post a Comment