MNP - ဇန်နဝါရီ ၃၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကလေးများက စာရေးဆရာ ကျော်ဝင်ဟိန်း(ပခုက္ကူ)၏ "လူငယ်များအတွက် သိပ္ပံသုတ" စာအုပ်ဖြင့် ဆွေးနွေးပွဲဆောင်ရွက်ကို ယနေ့နံနက်(၁၀)နာရီခွဲအချိန်ခန့်က ဆောင်ရွက်ခဲ့သည်။
ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်စုစုဝင်းက ယခုဆွေးနွေးပွဲမှ လူငယ်များ သိပ္ပံပညာရပ်၊ ကွန်ပျူတာပညာရပ်၊ IT နှင့်ပတ်သက်သော သိကောင်းစရာများကို ပေးစွမ်းနိုင်သောကြောင့် ဆွေးနွေးပွဲကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှေ့ဦးစွာပြောကြားပြီးမှ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အငယ်တန်းစာရေး နန်းကေသွယ်ဝင်းက "ကြိုးမဲ့ဆက်သွယ်ရေးနှင့် ယနေ့ကမ္ဘာ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ နန်းရွှန်းလဲ့လဲ့ဝင်းက" Laptop တီထွင်မှု" အကြောင်းခေါက်းစဉ်ဖြင့်ဆွေးနွေးရာ အခြားတက်ရောက်သော ကလေးများသည်လည်း မိမိတို့သိသော အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဇော်ဇော်
https://t.me/MyanmarNationalPost
No comments:
Post a Comment