ကျောင်းကုန်းမြို့၌ လောင်စာဆီမီးလောင်မှုအား FOAM ဆေးရည်ဖြင့် မီးငြိမ်းသတ်ခြင်း သရုပ်ပြလေ့ကျင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောင်းကုန်းမြို့၌ လောင်စာဆီမီးလောင်မှုအား FOAM ဆေးရည်ဖြင့် မီးငြိမ်းသတ်ခြင်း သရုပ်ပြလေ့ကျင့်



MNP  -  ဇန်နဝါရီ ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ ရန်ကုန်-ပုသိမ် ကားလမ်းမဘေး REGENCY စက်သုံးဆီဆိုင်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးငြိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်မှုကို ယမန်နေ့မွန်းလွဲ ၃:၃၀ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ဆီမီးလောင်မှုကို FOAM ဆေးရည်ဖြင့် ငြိမ်းသတ်ခြင်းကို လက်တွေ့သရုပ်ပြ လေ့ကျင့်ခဲ့ကြပြီး၊ ဆီသိုလှောင်ကန်အား အပူချိန်မြင့်တက်လျှင် ပေါက်ကွဲမှုမဖြစ်ပေါ်စေရေး အတွက် အအေးပေးစနစ်ဖြစ်သော ရေပန်းဖြင့် ကာကွယ်ထိန်းကြောင်းမှုစနစ်ကို အသုံးပြု၍ သရုပ်ပြလေ့ကျင့်ခဲ့ကြသည်။


အဆိုပါ မီးငြိမ်းသတ်ရေး ‌သရုပ်ပြလေ့ကျင့်မှုသို့ မြို့နယ်မီးဘေးအန္တရာယ် ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးရဲမှူး အောင်နိုင်ဦး၊ အဖွဲ့ဝင် (၁)ဗိုလ်မှူး နေဝင်းနောင်၊ အဖွဲ့ဝင်(၂)ဦးတင်မောင်၊ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးတင်ဝင်းနှင့် သန္ဓေ/အရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ စက်သုံးဆီဆိုင်တာဝန်ခံများ၊ ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


ဝင်းကြိုင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)