MNP - ဇန်နဝါရီ ၃၁
စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အတန်းပေါင်းစုံ အမျိုးသား/ အမျိုးသမီး ဘော့လုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို အဆိုပါတက္ကသိုလ်တွင် ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲအခမ်းအနားတွင် စစ်ကိုင်းပညာရေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာမြတ်မြတ်သော်က ကျောင်းသား/ကျောင်းသူများအား ကျောင်းစာအပြင် အားကစားကဏ္ဍများနှင့် အနုပညာ၊ ယည်ကျေးမှုများကိုပါ စိတ်ပါဝင်စားစွာ လှုပ်ရှားဆောင်ရွက်တက်စေရန်၊ အားကစားလှုပ်ရှားကစားခြင်းဖြင့် တစ်ကိုယ်ရည်ကျန်းမာရေးအတွက် အထောက်အကူပြုပေးကြောင်း၊ ဘော့လုံးအားကစားသည် Team Work ဖြင့် ကစားရသည့်အတွက် အပေးအယူညီညီနှင့် စည်းစည်းလုံးလုံးကစားကြရန်နှင့် ထိခိုက်ဒဏ်ရာမရရှိစေပဲ အားကစားစိတ်ဓာတ်အပြည့်ဖြင့် ယှဉ်ပြိုင်ကစားသွားကြပါလို့ အထူးမှာကြားလိုကြောင်း စသည်ဖြင့်ပြောကြားခဲ့ပြီး သမိုင်းဌာန၊ ပါမောက္ခ(ဌာနမှူး) ဒေါက်တာမြင့်ထွန်းဦးက ဘော့လုံးပြိုင်ပွဲအား ဖွင့်လှစ်ကြောင်းကြေညာ ပေးခဲ့သည်။
အဆိုပါဘော့လုံးပြိုင်ပွဲသို့ အမျိုးသားဘော့လုံးအသင်း(၈)သင်းနှင့် အမျိုးသမီးဘော့လုံး အသင်း(၉)သင်းတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲဖွင့်ပွဲတွင် ပထမနှစ်၊ ဒုတိယပညာသင်ကာလ(A) အသင်းနှင့် ပဉ္စမနှစ်အသင်းတို့ စတင်ယှည်ပြိုင်ခဲ့ကြကာ ပြိုင်ပွဲသို့ စစ်ကိုင်းခရိုင်/မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ပူးပေါင်းဆောင်ရွက်ပေးလျက် ရှိကြောင်းသိရသည်။
ဇော်မြင့်နိုင်
https://t.me/MyanmarNationalPost


No comments:
Post a Comment