မာန်အောင်မြို့ မြို့မကျောင်ကြီးပျံလွန်တော်မူဆရာတော်ဘဒ္ဒန္တဣဿရိယ ရုပ်တုတော်အား မြို့မကျောင်းကြီးသို့ ပင့်ဆောင်ပူဇော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့ မြို့မကျောင်ကြီးပျံလွန်တော်မူဆရာတော်ဘဒ္ဒန္တဣဿရိယ ရုပ်တုတော်အား မြို့မကျောင်းကြီးသို့ ပင့်ဆောင်ပူဇော်




MNP  -  ဇန်နဝါရီ ၃၁


ရခိုင်ပြည်နယ် မာန်အောင်မြို့ မြို့မကျောင်းကြီး ပဓာနနာယကဆရာတော် ဘဒ္ဒန္တဣဿရိယ(ပြည်နယ်ဝန်ဆောင်၊မြို့နယ်သံဃာနာယကအဖွဲ့ဥက္ကဋ္ဌ)သက်တော်(၇၇)နှစ်သိက္ခာတော်(၅၇)ဝါ ပျံလွန်တော်မူ ဆရာတော်ကြီး၏ ရုပ်တုတော်အား ပူဇော်နိုင်ရန်အတွက် ယနေ့နံနက်၇နာရီက ရွှေပြည်တန်အမြန်ယာဥ်ဖြင့်ပင့်ဆောင်လာရာ မြို့မ သင်္ဘောဆိပ်ကမ်းမှ သံဃာတော်များတပည့် ဒါယကာ၊ ဒါယိကာမများကကြိုဆိုပူဇော်ခဲ့ကြသည်။


ထို့နောက် ဆရာတော်၏ ရုပ်တုတော်အား မော်ယာဥ်ဖြင့်ပင့်ဆောင်၍ ဦးဥတ္တမလမ်း၊စာတိုက်လမ်း၊ဗိုလ်ချုပ်လမ်း၊ရုံးတက်လမ်းနှင့်ကျောင်းကြီးလမ်းတစ်လျှောက်လှည့်လည်ပူဇော်ခံပြီး မြို့မကျောင်းကြီး ကုသိနာရုံဓမ္မာရုံ၌ ခေတ္တ ပူဇော်ခံထားကြောင်းသိရသည်။


ဦးသိန်းဖေ

 https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)