ဘားအံမြို့နယ် လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှုများ လျှော့ချနိုင်ရေး ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘားအံမြို့နယ် လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှုများ လျှော့ချနိုင်ရေး ကွင်းဆင်းဆောင်ရွက်




MNP  -   ဇန်နဝါရီ  ၂၇

ကရင်ပြည်နယ်၊ ဘားအံမြို့၌ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှုများ လျှော့ာ့ချနိုင်ရေး၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး၊ လျှပ်စစ်ဓာတ်အားပြည့်ဝစွာသုံးစွဲနိုင်ရေး၊ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများ လျော့ချနိုင်ရေးနှင့်  တရားမဝင် ဓာတ်အားသုံးစွဲမှုများ စိစစ်ဖော်ထုတ်အရေးယူနိုင်ရေးတို့အတွက်  ယနေ့နံနက်ပိုင်းက မြို့‌ပေါ်ရပ်ကွက်များအတွင်း ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးသူရထွန်းအောင်နှင့် ဝန်ထမ်းများက လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် ဓာတ်အားပြတ်တောက်မှု လျော့ချနိုင်ရေးအတွက် ထရန်စဖော်မာများအားစစ်ဆေးခြင်း၊ ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့် သစ်ပင်၊သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းများဆောင်ရွက်ခဲ့ပြီး ဓာတ်အားပျောက်ဆုံးမှု လျော့ချနိုင်ရေး ရပ်ကွက်များအတွင်း  တပ်ဆင်အသုံးပြုလျက်ရှိသော လျှပ်စစ်မီတာများအား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါ လျှပ်စစ်ဓာတ်အား ပျောက်ဆုံးမှုများ လျော့ချနိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ခြင်း လုပ်ငန်းများအား အပတ်စဉ် စနေနေ့များတွင်  ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဘားအံ မြို့နယ် လျှပ်စစ် အင်ဂျင်နီယာရုံးမှ သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)