ဟင်္သာတမြို့၌ ဆရာတော်သံဃာတော်များနှင့် ဝတ်အသင်းသူများက အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟင်္သာတမြို့၌ ဆရာတော်သံဃာတော်များနှင့် ဝတ်အသင်းသူများက အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်




MNP  -   ဇန်နဝါရီလ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ သုံးပင်ကွင်းရပ် ဆယ်ထပ်ကြီးဘုရားတွင် ယနေ့နံနက် ၈ နာရီက ဝတ်အသင်းသူများက အတွင်းအောင်ခြင်း(၈)ပါး၊ အပြင်အောင်ခြင်း(၈)ပါး ဂါထာတော်များနှင့် ဓဇဂ္ဂသုတ်ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခဲ့ကြကြောင်းသိရသည်။


အလားတူ ဟင်္သာတမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများတွင် မြို့နယ်သံဃနာယက ဆရာတော်ကြီးများနှင့် သံဃာတော် အရှင်သူမြတ်များက အန္တရာယ်ကင်း ပရိတ်တရားတော်များနှင့် အတွင်းအောင်ခြင်း(၈)ပါး၊ အပြင် အောင်ခြင်း(၈)ပါး ဂါထာတော်များ၊ ဓဇဂ္ဂသုတ်ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဈာယ်ချီးမြှင့်ခဲ့ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းဦးဆောင်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများက သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)