ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ (ချင်းပြည်နယ်)မှ မတည်ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်း အကောင်အထည်ဖော်ရေး လက်စွဲ(မူကြမ်း) ရှင်းလင်းခြင်းအခမ်းအနားသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ (ချင်းပြည်နယ်)မှ မတည်ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်း အကောင်အထည်ဖော်ရေး လက်စွဲ(မူကြမ်း) ရှင်းလင်းခြင်းအခမ်းအနားသို့ တက်ရောက်


MNP   -   ဇန်နဝါရီ ၂၆

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ (ချင်းပြည်နယ်)မှ မတည်ရန်ပုံငွေထူထောင်ခြင်း လုပ်ငန်းစီမံကိန်း အကောင်အထည်ဖော်ရေးလက်စွဲ(မူကြမ်း) ရှင်းလင်းခြင်းအခမ်းအနားကို ဇန်နဝါရီလ ၂၅ ရက် မွန်းလွဲ ၂ နာရီက ဟားခါးမြို့ ချင်းပြည်နယ် အစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်အမှာစကား ပြောကြားသည်။


ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က အမှာစကားပြောကြားရာတွင် မည်သည့်လုပ်ငန်းမဆို လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်၊ ကန့်သတ်ချက်များကို အခြေခံပြီး သတ်မှတ်မူဘောင်အတွင်း  ဆောင်ရွက်မည်ဆိုပါက  အမှားအယွင်းနည်းပါးပြီး ပိုမိုပြည့်စုံအောင်မြင်မည် ဖြစ်ပါကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ချေးငွေထုတ်ပေးမည့် ကိစ္စနှင့်ပတ်သက်၍ ညွှန်ကြားချက်ထပ်မံထွက်ရှိပြီး ဖြစ်ပါကြောင်း၊ နိုင်ငံ့စီးပွားရေး မြှင့်တင်ရေးရန်ပုံငွေသည် အများအကျိုးအတွက် အသုံးပြုဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ချေးငွေပြန်လည်ပေးဆပ်မည့် ကာလသတ်မှတ်ချက်များ အပါအဝင် နိုင်ငံ့စီးပွားရေးမြှင့်တင်ရေး ရန်ပုံငွေဖြင့် ချင်းပြည်နယ်အတွင်း မတည်ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း စီမံကိန်း အကောင်အထည်ဖော်ရေး လက်စွဲ(မူကြမ်း)ကို ပြည်နယ်သမဝါယမဦးစီးဌာနက Focal အဖြစ် ဆောင်ရွက်ရှင်းလင်းတင်ပြရန်ဖြစ်ပြီး အစည်းအဝေး တက်ရောက်လာသူအားလုံးက ဝိုင်းဝန်းဆွေးနွေး တင်ပြစေလိုကြောင်းဖြင့် အမှာစကားပြောကြားသည်။


ထို့နောက် ပြည်နယ်သမဝါယမဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးမြင့်ဇော်ထွန်းက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ (ချင်းပြည်နယ်)မှ မတည်ရန်ပုံငွေထူထောင်ခြင်း လုပ်ငန်းစီမံကိန်း အကောင်အထည်ဖော်ရေးလက်စွဲ (မူကြမ်း)အား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။


ယင်းနောက် အစည်းအဝေးတက်ရောက်လာကြသည့် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန၊ ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ ပြည်နယ်ဦးစီးမှူးများက မိမိတို့ကဏ္ဍအလိုက် ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲနှင့်ဆက်လက်ဆောင်ရွက်ရမည့် အစီအမံများကို ရှင်းလင်းတင်ပြကြသည်။


ထို့နောက်တင်ပြချက်များအပေါ် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဆန်းတို့က ဖြည့်စွက်တင်ပြဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းနှင့် မတည်ရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်း စီမံကိန်းအကောင်အထည်ဖော်ရေးလက်စွဲ (မူကြမ်း) ရှင်းလင်းခြင်း အခမ်းအနားကို  ဇန်နဝါရီလ ၂၆ ရက်နေ့ မွန်းလွှဲ ၂ နာရီတွင် ဆက်လက်ကျင်းပလျက်ရှိကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)