MNP - ဇန်နဝါရီ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင်၂၀၂၂-၂၀၂၃ ခုနှစ်၊ နွေစပါးမျိုးသန့်မျိုးစေ့ထုတ်စိုက်ခင်းအား ကောက်စိုက်စက်ဖြင့်စိုက်ပျိုးခြင်းသရုပ်ပြပွဲအား ယမန်နေ့နံနက် ၉ နာရီအချိန်က ကျွဲခြံချောင်းဖျားကျေးရွာအုပ်စု၊ တောင်သူ ဦးအေးခိုင်၏လယ် ယာမြေတွင် ကွင်းဆင်းသရုပ်ပြခဲ့သည်။
အဆိုပါသရုပ်ပြပွဲသို့ လပွတ္တာခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေနွယ်ဦးနှင့် ခရိုင်စိုက်တိုးမြှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကိုယ်စား၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ထွေးနှင့် မြို့နယ် စိုက်တိုးမြှင့်အဖွဲ့ဝင်များ၊ ကျေးရွာအုပ်စု (၄) အုပ်စုမှ ဒေသခံတောင်သူ (၅၀) ဦးတက်ရောက်ခဲ့ပြီး မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမောင်မောင်သွင်နှင့်တာဝန်ရှိသူများ၊ မြို့နယ်စက်မှုလယ်ယာဦးစီးမှူး ဦးဝင်းငွေနှင့် တာဝန်ရှိသူများက ရက်(၉၀) မျိုးစပါးအား မျိုးသန့်မျို့စေ့ထုတ်စိုက်ပျိုးခြင်းနှင့် ကောက်စိုက်စက်ဖြင့်သရုပ်ပြ စိုက်ပျိုးခြင်းလုပ်ငန်းအား ရှင်းလင်းဆွေးနွေးကာ လက်တွေ့ သရုပ်ပြ စိုက်ပျိုးခဲ့ကြောင်းသိရသည်။
အောင်အောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment