ကျောက်ဖြူမြို့ အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယအကြိမ်မြောက်ထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဖြူမြို့ အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယအကြိမ်မြောက်ထိုးနှံ







MNP  -    ဇန်နဝါရီ  ၂၇

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်မှ (၁၂) နှစ်အတွင်းရှိ ကျောင်းသား၊ကျောင်းသူများကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးအား ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ကျန်းမာရေးဌာနမှဝန်ထမ်းများက အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီး သင်ပညာရေးကျောင်းများသို့သွားရောက်ပြီး ၎င်းကျောင်းများ၏ သတ်မှတ်စုရပ်နေရာအသီးသီးတို့တွင် အဆိုပါကာကွယ်ဆေးအား တတိယအကြိမ်မြောက်ထိုးနှံပေးကြောင်း သိရသည်။ 


ထိုသို့ ကာကွယ်ဆေးများထိုးနှံရာတွင် မြို့ပေါ်ရပ်ကွက်များရှိ အခြေခံပညာကျောင်းများဖြစ်သည့် အထက(ခွဲ)အလက-၂(မြို့မ)၊ အလက(လေ့ကျင့်ရေး)ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း များဖြစ်သည့် ဗောဓိသိပ္ပံ၊ ဓမ္မိကာရုံ၊ စေတီတောင်ပရဟိတကျောင်းများမှ အသက်(၅)နှစ်မှ (၁၂)နှစ် အတွင်းရှိသည့် ကျောင်းသား၊ကျောင်းသူများကို ဆေးထိုးနှံခြင်းမပြုမီ ဆရာ၊ ဆရာမများက စာရင်းမှတ် တမ်းရေးသွင်းကောက်ယူခြင်း၊ သတ်မှတ်နေရာများသို့ လိုက်ပါပို့ဆောင်ပေးခြင်း၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာပေးခြင်းများဆောင်ရွက်ပြီးမှသာ ကိုဗစ်ကာကွယ်ဆေးများကို ထိုးနှံပေးသည်။ ယင်းသို့ ကိုဗစ်ကာကွယ်ဆေးထိုးနှံနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးမျိုးမင်းထွဏ်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးကော်မတီဝင်များက လှည့် လည်ကြည့်ရှုပြီး ကာကွယ်ဆေးထိုးနှံကြသည့် ကျောင်းသား၊ ကျောင်းသူများကို မုန့်များအခမဲ့ဝေငှ ပေးကာ အားပေးစကားများပြောကြားခဲ့သည်။


ကျောက်ဖြူမြို့နယ်တွင် အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်မှ (၁၂)အတွင်းရှိ ကျောင်း သား၊ကျောင်းသူ(၁၇၈၆၇)ဦးအား ပထမအကြိမ်နှင့် ဒုတိယအကြိမ် ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးထား ပြီးဖြစ်ကာ ယနေ့တွင် တတိယအကြိမ်မြောက် ထိုးနှံပေးကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


တင်ထွန်းဦး၊ ဖြိုးဝေလင်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)