ဥတ္တရသီရိမြို့နယ်၌ အန္တရာယ်ကင်း ပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဥတ္တရသီရိမြို့နယ်၌ အန္တရာယ်ကင်း ပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပွဲကျင်းပ


MNP  -   ဇန်နဝါရီ ၂၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် အတွင်းအောင်ခြင်း(၈)ပါး၊ အပြင်အောင်ခြင်း (၈)ပါး အန္တရာယ်ကင်း ပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပွဲကို ဥတ္တရသီရိမြို့နယ်အတွင်းရှိ တန်ခိုးကြီးဘုရားများ၊ ဘုန်းတော်ကြီးကျောင်းများ၌ ယမန်နေ့နံနက် ၈ နာရီအချိန်က ရွတ်ဖတ်ပူဇော်ပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါအခမ်းအနားသို့ ဥတ္တရခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ၊ ဒုတိယဗိုလ်မှူးကြီး သန်းဇော်ထူး၊ ခေတ္တခရိုင် အုပ်ချုပ်ရေးမှူး ဦးမင်းခိုင်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမြတ်သိန်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးပြည့်ဖြိုးမင်း၊ အဖွဲ့ဝင်(၂) ဦးမျိုးချစ်နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက သက်ဆိုင်ရာနေရာ အသီးသီးတို့တွင် ပင့်ဖိတ်ထားသော ဆရာတော်သံဃာတော်များနှင့် ဝတ်ရွတ်အသင်းအဖွဲ့များက နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကိုဖွင့်လှစ်ပြီး တက်ရောက်လာကြသော ဧည့်ပရိတ်သတ်များမှ  ငါးပါးသီလ ခံယူဆောက်တည်ကြသည်။


ထို့နောက် ဆရာတော်သံဃာတော်များမှ အတွင်းအောင်ခြင်း (၈)ပါး၊ အပြင်အောင်ခြင်း (၈)ပါး ပါဠိတော်ရွတ်ဖတ်ပူဇော်ချီးမြှင့်ပြီး ဝတ်သင်းအဖွဲ့များမှ အပြင်အောင်ခြင်း(၈)ပါး မြန်မာပြန်အနက်အား ရွတ်ဖတ်ပူဇော်ကာ ဆရာတော်၊ သံဃာတော်ကြီးများမှ ဓဇဂ္ဂသုတ်ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ချီးမြှင့်၍ ဝတ်ရွတ်အသင်းအဖွဲ့များမှလည်း ဓဇဂ္ဂသုတ်ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပေးခဲ့သည်။


ဆက်လက်၍ ဥတ္တရခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ၊ ဒုတိယဗိုလ်မှူးကြီး ဦးသန်းဇော်ထူးနှင့် အဖွဲ့ဝင်များက နဝကမ္မအစရှိသည့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်ခဲ့ပြီး လှူဒါန်းမှုအစုစုတို့ကို ရေစက်သွန်းချအမျှဝေကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြသည်။


ယနေ့ကျင်းပပြုလုပ်သည့် ပရိတ်တရားတော်များရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားများကို ဥတ္တရသီရိမြို့နယ် တောင်ညိုကျေးရွာ အုပ်စု ဇေယျသိဒ္ဓိ ဆုတောင်းပြည့်စေတီတော်တွင်လည်းကောင်း၊ ဥတ္တရသီရိရပ်ကွက် မိုးကောင်းစေတီတော်တွင်လည်းကောင်း၊ မင်းကုန်းကျေးရွာအုပ်စု မဏိဇောတိက ကျွဲရှင်းကျောင်းတိုက်တွင်လည်းကောင်း၊ မောင်းရမ်းကျေးရွာအုပ်စု ဘရားကုန်းကျေးရွာရှိ သန္တိသုခဘုန်းတော်ကြီးကျောင်းတွင်လည်းကောင်း၊ ဇလောင်းကျေးရွာအုပ်စု၊ ငန်းစပ်ကျေးရွာ ရွှေဟင်္သာဘုန်းတော်ကြီး ကျောင်းတွင်လည်းကောင်း၊ တောင်ညိုကျေးရွာအုပ်စု၊ ဘုရားလေးဆူ ဘုန်းတော်ကြီးကျောင်းတွင်လည်းကောင်း၊ မင်းကုန်း ကျေးရွာအုပ်စု၊ သီရိမင်္ဂလာဆည်ဦးကျောင်းတိုက်တွင်လည်းကောင်း၊ တောင်ညိုကျေးရွာ ဘုရားကြီးကျောင်းတိုက်တွင် လည်းကောင်း၊ ဥတ္တရသီရိရပ်ကွက် မဟာသကျရံသီရုပ်ရှင်တော်မြတ်ကြီးတွင်လည်းကောင်း ပရိတ်တရားတော်များ အသီးသီး ရွတ်ဖတ်ပူဇော်ခဲ့ကြောင်း သိရသည်။


ကျော်စွာဟိန်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)