MNP - ဇန်နဝါရီ ၂၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ရွာသာယာနှင့် နန်းတော်ကုန်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းများသို့ ကွင်းဆင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် မင်းဘူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေသန္တာအောင်က လူငယ်တွေအတွက် ပညာရေးဟာအဓိကဖြစ်ပါကြောင်း၊ ပညာရေးကိုကြိုးစားရင်း ပြင်ပစာပေများကိုလည်းဖတ်ရှုကာ ရည်မှန်းချက်အတိုင်း အောင်မြင်အောင်ကြိုးစားသွားရမှာဖြစ်ကြောင်း၊ ငယ်ရွယ်စဉ်မှာ ရည်မှန်းချက်ကြီးကြီးထားပြီး ကြိုးစားပါမှ နောင်တခေတ်မှာပညာရှင်ကောင်း၊ ခေါင်းဆောင်ကောင်းများအဖြစ် မြင်တွေ့ကြရမှာဖြစ်ကြောင်း အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် မင်းဘူးမြို့ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြင့်ကြည်က ကုန်ရည်ညွှန်း အမှတ်အသား (၈) ချက်ကို ရှင်းလင်းပြောကြားကာ အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အား/ကာမှူး ဒေါ်နှင်းနှင်းက အားကစားပြုလုပ်ခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများ၊ အားကစားနှင့်ပတ်သက်၍ လူငယ်များ သိထားရမည့်အချက်များကို အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားပစ္စည်းများကို ကျောင်းတာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇေယျာထက်
https://t.me/MyanmarNationalPost
No comments:
Post a Comment