MNP - ဇန်နဝါရီ ၂၆
ကရင်ပြည်နယ်၊ သံတောင်ကြီးခရိုင်၊ သံတောင်ကြီးမြို့တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သာသနာ့မဉ္ဇူကျောင်းတိုက် ပြည်တော်အေးစေတီတော်၌ သံတောင်ကြီးမြို့နယ် ဌာနဆိုင်ရာများက စေတီတော်ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး အတွက် ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ စုပေါင်းသန့်ရှင်းဆောင်ရွက်ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများက ပြည်တော်အေးစေတီတော်အတွင်း သန်းရှင်းသာယာလှပရေးအတွက် ချုံနွယ်များ၊ မြက်ပင်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ စေတီတော်အတွင်း သစ်ရွက်ခြောက်များ၊ အမှိုက်များ၊ ရှင်းလင်းခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဗိုလ်နှင့် အဖွဲ့ဝင်များက ကြီးကြပ်ဆောင်ရွက်ပြီး ဌာနဆိုင်ရာဝန်ထမ်းများက ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နော်နော်မူ
https://t.me/MyanmarNationalPost
No comments:
Post a Comment