အစိုးရစက်မှုလက်မှုသိပ္ပံ (ဝါးခယ်မ)တွင် လူငယ်များ ဗလငါးတန် ဖွံ့ဖြိုး​စေရန် လူငယ်စကားဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အစိုးရစက်မှုလက်မှုသိပ္ပံ (ဝါးခယ်မ)တွင် လူငယ်များ ဗလငါးတန် ဖွံ့ဖြိုး​စေရန် လူငယ်စကားဝိုင်းကျင်းပ





MNP  -   ဇန်နဝါရီ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အဆင့်မြင့်ပညာ/ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီ အချိန်တွင် အစိုးရစက်မှုလက်မှုသိပ္ပံ (ဝါးခယ်မ)တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


လူငယ်စကားဝိုင်းကို အစိုးရစက်မှုလက်မှုသိပ္ပံ (ဝါးခယ်မ)​ကျောင်းအုပ်ကြီး ​ဒေါက်တာကျော်သူထက်က အဖွင့်အမှာစကား​ ပြောကြား​ပေးပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရီရီလွင်က ကျောင်းသား၊ ကျောင်းသူလူငယ်များ ဘက်စုံဖွံ့ဖြိုးရေး ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလ စသည့်ဗလငါးတန်ဘက်စုံဖွံ့ဖြိုးရေး  အနာဂတ်တွင် တိုင်းပြည်အတွက် လူကောင်းလူတော်များ ရရှိစေရန် ရည်ရွယ်ချက်များဖြင့် လူငယ်စကားဝိုင်းကို ကျင်းပရခြင်းဖြစ်​ကြောင်း​ ပြောကြားခဲ့ပြီး ပထမနှစ် CIVIL မေဂျာ ကျောင်းသားမောင်ဟိန်းမြတ်သူက လူငယ်နှင့်စာ​ပေ၊ ဒုတိယနှစ် EP​ မေဂျာမှ ကျောင်းသား မောင်ပြည့်ဖြိုးစံက “လူငယ်နှင့်​အောင်မြင်မှု”၊ တတိယနှစ် MP​ မေဂျာမှ​ ကျောင်းသား ​မောင်​ကောင်း​ဇေယျက “လူငယ်နှင့်အားကစား”၊ ဒုတိယနှစ် EC​ မေဂျာမှ ကျောင်းသူမဖြူ​ဖွေးသိမ့်က “လူငယ်နှင့်မူးယစ်​ဆေးဝါး” စသည့် ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများမှ သိရှိလိုသည့် မေးမြန်းချက်များကို ပြန်လည်ဖြေကြား​ပေးခြင်း၊ ဆရာဦးခိုင်​ဇော်မှ လူငယ်စကားဝိုင်းကို ခြုံငုံသုံးသပ်ချက်​များ ပြောကြား​ပေးခြင်းနှင့် (၇၅)နှစ်​မြောက် စိန်ရတုလွတ်လပ်​ရေး​နေ့ အထိမ်းအမှတ်စာစီစာကုံး ပြိုင်ပွဲတွင်ဆုရရှိသူများကို ဆုချီးမြှင့်​ပေးခဲ့​ကြောင်းသိရသည်။


အဆိုပါလူငယ်စကားဝိုင်းအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ် စာ‌စောင်များပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရှိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)