MNP - ဇန်နဝါရီ ၂၇
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ယာဥ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးခြင်းအား ပြည်သူအများသိရှိရန် မီးတန်းဆိုင်ကယ် မော်တော်ယာဥ်များဖြင့်လှည့်လည် အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းကို မြို့ပေါ်ရပ်ကွက်များသို့ လှည့်လည်၍ ယမန်နေ့ နံနက်(၉)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
အမ်းမြို့နယ်အတွင်းယာဥ်မတော် တဆမှုများလျော့ နည်းစေရေးရည်ရွယ်၍ အမှတ်(၂၁) ယာဉ်ထိန်းရဲတပ်ဖွဲ့စု၊ အမ်း ယာဉ်ထိန်းရဲတပ်ဖွဲ့စိတ်မှ တပ်ဖွဲ့စိတ်မှူး ဒုရဲအုပ် သန့်ဇင်ဦးနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက ပြည်သူအများသိရှိရန် ယာဥ်စည်းကမ်း လမ်းစည်းကမ်းနှင့် အညီ လိုက်နာမောင်းနှင်သွားလာနိုင်စေရေး၊ မော်တော်ကားနှင့် မော်တော်ဆိုင်ကယ်များကို စီးနှင်းသူများလိုက်နာ ရန်စည်းကမ်းများ၊ မော်တော်ဆိုင်ကယ်စီးလျှင် သတ်မှတ်ထားသော စံချိန်စံညွန်း ကိုက်ညီသည့်ဆိုင်ကယ်စီးဦးထုတ်ဆောင်း၍ မေးသိုင်းကြိုးသေချာစွာ တပ်ရ မည်၊ မီးကောင်းမွန်ရမည်၊ မူးယစ်သောက်စားပြီးမစီးရ၊ နောက်ကြည့်မှန်၊ ကောင်းမွန်သော ဘရိတ်နှင့်ကောင်းမွန်သောတာယာများပါရှိရန်၊ ယာဥ်ကြော ပိတ်ဆို့မှုအချက်ပြစနစ်များကိုလိုက်နာရန်၊ ခြေလျင်သွားလာသည့် ပြည်သူများအနေဖြင့် လမ်းဖြတ်ကူးသူများ လိုက်နာရမည့် ယာဉ်စည်းကမ်းလမ်းစည်း ကမ်းယာဉ်အန္တရာယ် ကင်းဝေးစေရေး အသိပညာပေးပြောကြား ခဲ့သည်။
ယင်းနောက် အမ်းယာဉ်ထိန်းရဲတပ်ဖွဲ့စိတ်မှ ရဲတပ်ဖွဲ့ဝင်များက ပြည်သူများအား ယာဉ်အန္တရာယ်ကင်းဝေးရေး အသိပညာပေး လက်ကမ်းစာ စောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
စိုးမင်းထွန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment