MNP - ဇန်နဝါရီ ၂၇
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ယနေ့နံနက်ပိုင်းက မုတ္တမကျေးရွာ ရွှေဂူကြီး၊ရွှေဂူလေး ရှေးဟောင်းစေတီတော်တွင် ထုံးသင်္ကန်းကပ်လှူရောင်တော်ဖွင့်ခြင်း၊ စေတီတော် ဝန်းကျင် သန့်ရှင်းရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေ ဆောင်ရွက်ရာတွင် ပေါင်မြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ စုပေါင်းကာ ဘုရားစေတီပုထိုး များ အား သန့်ရှင်ရေးပြုလုပ်ခြင်း၊ အမှိုက်သရိုက်များရှင်းလင်းခြင်း၊ ထုံးသင်္ကန်းကပ်လှူ ရောင်တော်ဖွင့်ခြင်း၊စေတီ ဝန်းကျင်စိမ်းလန်း စိုပြေ ရေး ခြုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်းများကို တပျော်တပါး ပူးပေါင်းဆောင်ရွက်ခဲ့ကြ ကြောင်းသိရှိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment