မချမ်းဘော့မြို့၌ အတွင်းအောင်ခြင်းရှစ်ပါး အပြင်အောင်ခြင်းရှစ်ပါး ပါဠိဂါထာတော်များ၊ ဓဇဂ္ဂသုတ်ပါဠိ ရွတ်ဖတ်ပူဇော်ခြင်းနှင့် ရွှေဆေးသင်္ကန်းများ ကပ်လှူပူဇော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မချမ်းဘော့မြို့၌ အတွင်းအောင်ခြင်းရှစ်ပါး အပြင်အောင်ခြင်းရှစ်ပါး ပါဠိဂါထာတော်များ၊ ဓဇဂ္ဂသုတ်ပါဠိ ရွတ်ဖတ်ပူဇော်ခြင်းနှင့် ရွှေဆေးသင်္ကန်းများ ကပ်လှူပူဇော်



MNP  -   ဇန်နဝါရီ ၂၇

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့တွင် မြို့နယ်ဌာနဆိုင်ရာများ စုပေါင်း၍ ပင့်သံဃာတော်ငါးပါး၏ အတွင်းအောင်ခြင်းရှစ်ပါး ပါဠိတော်၊ အပြင်အောင်ခြင်းရှစ်ပါး ပါဠိတော်နှင့် ဓဇဂ္ဂသုတ်ပါဠိတော် ရွတ်ဖတ်ပူဇော်ခြင်းကို နာယူခြင်း၊ ဝတ်ရွတ်အဖွဲ့မှ အပြင်အောင်ခြင်းရှစ်ပါး မြန်မာပြန်နှင့် ဓဇဂ္ဂသုတ်ကို ရွတ်ဖတ်ပူဇော်ခြင်း၊ ပင့်သံဃာတော်ငါးပါးအား ဝတ္ထုအလှူငွေ ဆက်ကပ်ပူဇော်ခြင်းများကို ဇန်နဝါရီ ၂၆ ရက် နံနက် ၈ နာရီက အမှတ်(၃)ရပ်ကွက်ရှိ တောင်တန်းသာသနာပြု ဗဟိုကျောင်း၌ ပြုလုပ်ခဲ့သည်။


ဆက်လက်၍ နံနက် ၁၀ နာရီတွင် မချမ်းဘော့မြို့နယ်၏ အထင်ကရနေရာ ကျောက်နဂါးရှိရာ အောင်တော်မူအေးစေတီတော်မြတ်ကြီးတွင် လုံးတော်ပြည့် ရွှေဆေးသင်္ကန်းကပ်လှူပူဇော်ခြင်း၊ ဘုရားပရဝုဏ်အတွင်း ခြုံနွယ်များ၊ အမှိုက်သရိုက်များ ရှင်းလင်းခြင်းတို့ကို စုပေါင်းကုသိုလ်ပြုခဲ့ကြသည်။


အဆိုပါဌာနဆိုင်ရာများ စုပေါင်းကုသိုလ်ပြုခြင်း၊ သန့်ရှင်းရေး ဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ စုစုပေါင်းအင်အား (၄၀)ဦးတို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ယောရွှေနီ

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)