သံတွဲခရိုင်၊လူထုအခြေပြုဗဟိုဌာန(Community Centre) ၌ ဝန်ထမ်းများ နှင့် စာဖတ်ဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတွဲခရိုင်၊လူထုအခြေပြုဗဟိုဌာန(Community Centre) ၌ ဝန်ထမ်းများ နှင့် စာဖတ်ဝိုင်းကျင်းပ




MNP   -  ဇန်နဝါရီ  ၂၆

 ရခိုင်ပြည်နယ်၊သံတွဲခရိုင် ၊ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ဝန်ထမ်းများနှင့်စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီက အဆိုပါအဆောက်အဦ အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။


            အခမ်းအနားတွင် ပြန်ကြားရေးနှင့် ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန ၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည် က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရသည့်ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားခဲ့သည်။ထို့နောက်  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံ့ဝန်ထမ်းဥပဒေ စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ရာ ဦးစီးအရာရှိ ဒေါ်လဲ့လဲ့ဝင်း နှင့်ဝန်ထမ်းများကနိုင်ငံ့ဝန်ထမ်းဥပဒေစာအုပ်ပါအမည်နှင့်အဓိပ္ပာယ်ဖေါ်ပြချက်၊ ဝန်ထမ်းအဖွဲ့ အစည်းများ၊ ရွေးချယ်ခန့်ထားခြင်း၊ တာဝန်နှင့်အခွင့်အရေးများ တို့ကို  ခေါင်းစဉ်တစ်ခုခြင်းအလိုက် အသီးသီးကြားဆွေးနွေးခဲ့ကြရာ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည် က ခေါင်းစဉ်တစ်ခုချင်းအလိုက် အသေးစိတ်ပြန်လည်ဆွေးနွေးခဲ့သည်။


             ပြန်ကြားရေးနှင့် ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန ၊သံတွဲခရိုင်ရုံးအနေဖြင့် ဝန်ထမ်းများ အသိပညာဗဟုသုတ တိုးပွားလာပြီး တစ်ဦးခြင်းစွမ်းဆောင်ရည်မြင့်မားစေရန်နှင့် အခက်အခဲများကိုဖြေရှင်းပေးနိုင်ရန်အတွက် ၊စာဖတ်ဝိုင်းများ၊ လေ့ကျင့်ပညာပေးခြင်းများနှင့် ဝန်ထမ်းဆန္ဒဖေါ်ထုတ်ပွဲများကို လစဉ်ဆောင်ရွက်ပေးလျက် ရှိပါသည်။


 https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)