ပဲခူးတိုင်းဒေသကြီးအတွင်း စားရေရိက္ခာဖူလုံရေးနှင့် ဆီထွက်သီးနှံများ အထွက်နှုန်းမြင့်မားပြီး ပန်းတိုင်ရည်မှန်းချက် ပြည့်မီစေရေးလုပ်ငန်းညှိနှိုင်းအစည်းဝေး အမှတ်စဉ်(၁/၂၀၂၃)ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးတိုင်းဒေသကြီးအတွင်း စားရေရိက္ခာဖူလုံရေးနှင့် ဆီထွက်သီးနှံများ အထွက်နှုန်းမြင့်မားပြီး ပန်းတိုင်ရည်မှန်းချက် ပြည့်မီစေရေးလုပ်ငန်းညှိနှိုင်းအစည်းဝေး အမှတ်စဉ်(၁/၂၀၂၃)ကျင်းပ


MNP  -  ဇန်နဝါရီ ၃၁

ပဲခူးတိုင်းဒေသကြီးအတွင်း စားရေရိက္ခာဖူလုံရေးနှင့် ဆီထွက်သီးနှံများ အထွက်နှုန်းမြင့်မားပြီး ပန်းတိုင်ရည်မှန်းချက်ပြည့်မီစေရေး လုပ်ငန်းညှိနှိုင်းအစည်းဝေးအမှတ်စဉ်(၁/၂၀၂၃)ကို ယမန်နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏လမ်းညွှန်ချက်ပါအတိုင်း ခရိုင်/ မြို့နယ်အလိုက် စားရေရိက္ခာ ဖူလုံရေးနှင့် ဆီထွက်သီးနှံများအထွက်နှုန်းမြင့်မားပြီး ပန်းတိုင်ရည်မှန်းချက် ပြည့်မီစေရေး ကြိုးစားဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ မိမိတို့တိုင်းဒေသကြီးသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အဓိကအခြေခံသည့် တိုင်းဒေသကြီး တစ်ခုဖြစ်ပြီး မြေလပ်မရှိ စိုက်ပျိုးသွားရန်၊ စိုက်ပျိုးသည့် သီးနှံအလိုက် ပန်းတိုင်အထွက်နှုန်း ပြည့်မီရန်လိုကြောင်း၊ ဒေသအလိုက် စားရေ ရိက္ခာဖူလုံမှသာ ကုန်ဈေးနှုန်းကြီးမြင့်မှုကို ကျော်လွှားနိုင်မှာဖြစ်ကြောင်း၊  စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်လျှော့ချနိုင်ရေးအတွက် သဘာဝမြေဩဇာထုတ်လုပ်သုံးစွဲခြင်း၊ ရက်တိုအထွက် တိုးသီးနှံများ ပြောင်းလဲစိုက်ပျိုးခြင်း၊ မျိုးကောင်းမျိုးသန့်များရရှိနိုင်ရေး ဆောင်ရွက်ပေးခြင်း၊ တစ်ကွင်းတစ်ဆက်တည်း မျိုးတူစပါးစိုက်ပျိုးခြင်း၊ မျိုးကွဲများလျော့ချခြင်းနှင့်   ဆိုလာ ရေတင်စနစ်ဖြင့် စိုက်ပျိုးရေရရှိရေး ဆောင်ရွက်ပေးခြင်းတို့ ဖြည့်ဆည်း ဆောင်ရွက် ပေးသွား ရမှာဖြစ်ကြောင်း၊ စိုက်ပျိုးရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး နိုင်ငံတော်အစိုးရမှ မြစိမ်းရောင်စီမံကိန်း၊ နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေများဖြင့်လည်း ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ တိရစ္ဆာန်မွေးမြူရေးနှင့် ပတ်သက်၍ မိရိုးဖလာ လွှတ်ကျောင်းစနစ်မှ ခြံ‌‌လှောင် မွေးမြူရေးစနစ် ပြောင်းလဲဆောင်ရွက်ရမည်ဖြစ်ပြီး တိရစ္ဆာန်အစာအတွက် နေဗီယာမြက်အား စိုက်ပျိုးသွားရန်နှင့်ထွက်ရှိလာသည့် စွန့်ပစ်ပစ္စည်းများမှ စိုက်ပျိုးရေးအတွက် ပြန်လည် အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ ဆီထွက်သီးနှံများအား အမှန်တကယ်ဖြစ်ထွန်းနိုင်သည့် မြေနေရာများအား စနစ်တကျရွေးချယ် စိုက်ပျိုးသွားရမည်ဖြစ်ကြောင်း၊ ကြဲပတ်စနစ်မှ အစေ့ချစိုက်ပျိုးသည့် Drum Seeder၊ ကောက်စိုက်စက်များနှင့် ပျိုးထောင်စက်များဖြင့် ပိုမိုကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးသွားနိုင်ရေး အသိပညာပေးရန်လိုအပ်ကြောင်း၊ ရာသီဥတု ပြောင်းလဲမှုကြောင့် စိုက်ပျိုးရေမလုံလောက်သည့်ဒေသများတွင် ရေအနည်းလို စပါးမျိုးများ ပြောင်းလဲစိုက်ပျိုးနိုင်ရေး ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးမြေများအား မည်သည့်အကြောင်းနှင့်မျှ လျော့နည်းမှုမရှိစေရေးနှင့် အခြားနည်းခွင့်ပြုထားသော်လည်း လုပ်ငန်းလုပ်ကိုင်ခြင်းမရှိသည့် မြေများအားစိစစ်၍ မူလစိုက်ပျိုးမြေအဖြစ်သို့ပြောင်းလဲပြီး သီးနှံများ ပြန်လည်စိုက်ပျိုးနိုင်ရေး တာဝန်ရှိသူအဆင့်ဆင့်မှ ကြီးကြပ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း စားရေရိက္ခာဖူလုံရေးနှင့် ဆီထွက်သီးနှံများ    အထွက်နှုန်းမြင့်မားပြီး ပန်းတိုင်ရည်မှန်းချက် ပြည့်မီစေရေး ကဏ္ဍအလိုက်  တင်ပြဆွေးနွေးကြစေလိုကြောင်း ပြောကြားခဲ့သည်။


ထို့နောက်တက်ရောက်လာသည့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက ကဏ္ဍအလိုက် Power Point ဖြင့် အသေးစိတ်ရှင်းလင်းတင်ပြခဲ့ရာ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တာဝန်ရှိသူများက လိုအပ်သည်များကို သုံးသပ်ရှင်းလင်းတင်ပြခဲ့မှုအ‌‌ပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က တင်ပြချက်များနှင့် ပတ်သက်၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။


သက်ဖြိုးကြိုင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)