ပေါင်မြို့နယ်တွင်နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်တွင်နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပ






MNP  -   ဇန်နဝါရီ    ၁၇

မွန်ပြည်နယ် ပေါင်မြို့နယ်တွင်နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကိုယနေ့နံနက်ပိုင်းကပေါင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝါရီရူခန်းမ ၌ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး  ဦးကျော်မျိုးလှိုင် က အဖွင့်အမှာစကားပြောကြားပြီးမွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ  ဒေါက်တာသက်နိုင်က ယခုလိုငွေများထုတ်ပေးသည့်တွက်ကျေးရွာများ  ကဏ္ဍစုံဖွံဖြိုးတိုးတက်လာကြဖို့မျော်လင့်ပါကြောင်းပြောကြားသည်။


ထို့နောက် သမဝါယမဦးစီးအရာရှိ ဒေါ်‌သိန်းသိန်းအေး ကနိုင်ငံတော်ကထောက်ပံ့ပေးအပ်သော ငွေများသည် ဝက်တစ်ကောင်လျင်ကျပ်ငွေတစ်သိန်းနှုန်းဖြင့် ဝက် အမြောက်အများ မွေးမြူနိုင်ပါကြောင်း တောင်သူများအနေဖြင့်တစ်ပိုင်တစ်နိုင်မှစီးပွားဖြစ်လာတော့မည်ဖြစ်ကြောင်း ပြောကြားသည်။


စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်စွာလှိုင်က ယခုလိုငွေအမြောက်အများကိုထုတ်ပေးသည့်အတွက်တောင်သူများအနေဖြင့် စီးပွားတိုးနက်မှုများကိုဖြစ်ထွန်းလာမည်ဖြစ်ကြောင်း စသည့် အကျိုးကျေးဇူးနှင့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် တာဝန်ရှိသူများက ကျေးရွာ (၁၆) ရွာရှိကော်မတီဝင်များအား ရန်ပုံငွေကျပ် (၅၃၃.၇၂) သန်း  အားလွှဲပြောင်းပေးအပ်ခဲ့သည်။အခမ်းအနားကိုခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှဒုတိယညွှန်ကြားရေးမှူး၊ မြို့နယ်စီမံကောင်စီအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများ၊ကျေးရွာကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)