ဂွမြို့နယ်တွင် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်အခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့နယ်တွင် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်အခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ









MNP  -   ဇန်နဝါရီ   ၁၇

ရခိုင်ပြည်နယ်၊ သံတွဲခရိုင် ၊ ဂွမြို့နယ်တွင် ၂၀၂၂-၂၀၂၃ပညာသင်နှစ် မြို့နယ် အဆင့် ပညာရေးစုံညီပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀နာရီက အခြေခံပညာအထက်တန်းကျောင်း(ဂွမြို့)တွင် ကျင်းပခဲ့ရာ မြို့နယ်ပညာရေးမြှင့်တင်မှု ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ် ပညာရေးမှူးနှင့် မြို့နယ်ဌာနဆိုင်ရာများ၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ ကျောင်းသားမိဘများ တက်​ရောက်ခဲ့ကြသည်။


ရှေးဦးစွာ အလကမြို့သစ်ကျောင်းမှ "တို့များစုံညီ" သီချင်းဖြင့် ပညာရေးစုံညီပွဲတော်ကို ဖွင့်လှစ်ခဲ့ပြီး မြို့နယ်ပညာရေးမြှင့်တင်မှု ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဦးဇော်ထွန်းအောင်ကမြို့နယ်ပညာရေးစုံညီပွဲတော် ကျင်းပရခြင်း၏ ရည်ရွယ်ချက် များကို ရှင်းလင်းပြောကြားခဲ့သည်။

    ထို့နောက်၂၀၂၂-၂၀၂၃ပညာသင်နှစ် သန့်ရှင်း၍ စိမ်းလန်း စိုပြည်သည့်ကျောင်းဆု၊ အားကစားပြိုင်ပွဲအသီးသီးအလိုက် ကာယဆုရရှိသည့် ကျောင်းသားကျောင်းသူများ၊ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲတွင် မြို့နယ်အဆင့် အထက်တန်းနှင့် အလယ်တန်းအဆင့် စာစီစာကုံး ပြိုင်ပွဲနှင့်ကဗျာပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူများက ဆုတံဆိပ် နှင့်ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ခဲ့သည်။


ဆက်လက်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသားကျောင်းသူ များက မြန်မာ့ရိုးရာအကအလှများ ၊ တိုင်းရင်းသားရိုးရာအကအလှများ ၊ တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကြပြီး မြို့နယ်ပညာရေးမြှင့်တင်မှု ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးက ဂုဏ်ပြုဆုငွေကိုလည်းကောင်း၊ အခမ်းအနားတက်ရောက်လာကြသူများက ဂုဏ်ပြုဆုငွေများကိုလည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်းသိရသည်။


ရွှေရည်ဝင်းကျော်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)