ချမ်းမြသာစည်မြို့နယ်၊ ပြည်သူ့စာကြည့်တိုက်ရှိကလေးစာဖတ်ခန်းတွင် စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲနှင့် ပုံပြင်ဖတ်ပြခြင်း အစီအစဉ်များ ကျင်းပဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချမ်းမြသာစည်မြို့နယ်၊ ပြည်သူ့စာကြည့်တိုက်ရှိကလေးစာဖတ်ခန်းတွင် စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲနှင့် ပုံပြင်ဖတ်ပြခြင်း အစီအစဉ်များ ကျင်းပဆောင်ရွက်



MNP -  ဇန်နဝါရီ ၁၇

ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား/သူ ကလေးငယ်များ စာပေနှင့် ထိတွေ့၍ စာဖတ်သည့် အ‌လေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်၊ အသိပညာဗဟုသုတများ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးများ ထက်မြက်လာစေရန်တို့ကို ရည်ရွယ်၍ လူထုအခြေပြုဗဟိုဌာန၊ ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်းတွင် ယနေ့နံနက်၁၀နာရီက စာဖတ်စွမ်းရည်ပြိုင်ပွဲ၊‌စကားပုံဆက်ပြိုင်ပွဲနှင့် ပုံပြင်ဖတ်ပြခြင်းအစီအစဉ်များကို ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်စိမ်း၀င်းက ပြိုင်ပွဲစည်းကမ်းများနှင့် ပြိုင်ပွဲများ ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး ပြိုင်ပွဲများကို ကျင်းပခဲ့ရာ အမှတ်(၃၁) အခြေခံပညာ အထက်တန်းကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား/သူ(၃၀)ဦးတို့က ပါ၀င် ယှဉ်ပြိုင်ခဲ့ကြသည်။ ပြိုင်ပွဲများအပြီးတွင် ကလေးများ ဗဟုသုတ ရရှိပြီး လိမ္မာယဉ်ကျေးစေရန်အတွက် ဒုတိယဦးစီးမှူး ဒေါ်မြင့်ကေသွယ်ခိုင်က ပုံပြင်ဖတ်ပြခြင်း အစီအစဉ်ကို ဆက်လက်ဆောင်ရွက်ခဲ့ပြီးနောက် ဆုရရှိသော ကျောင်းသား/သူများအား ‌ပုံဆွဲစာအုပ်နှင့် ရောင်စုံခဲတံဗူးများ လက်ဆောင် ပေးအပ်ခဲ့ကြောင်း သိရသည်။


ခင်စိမ်း၀င်း

 https://t.me/MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)