MNP - ဇန်နဝါရီ ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ နိုင်ငံတော်အတွက် ထူးချွန်ထက်မြက်သော အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ “လူငယ်ရေးရာ အသိပညာပေး” ဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က နမ့်ဆောင်ဟူး အခြေခံပညာအထက်တန်းကျောင်းခွဲရှိ မြဝတီခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ နမ့်ဆောင်ဟူး အခြေခံပညာအထက်တန်းကျောင်းခွဲမှ အထက်တန်းပြဆရာမ ဒေါ်ခင်သန္တာထွေးက အမှာစကားပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာကောင်းမွန်ရေးကို အလေးထားကြိုးစားကြစေလိုကြောင်း၊ ပညာတတ် လူတော်၊ လူကောင်းများပေါ်ထွန်းမှသာ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်နိုင်မှာဖြစ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့ပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အိအိစိုးက “လူငယ်နှင့် စာရိတ္တ”၊ “လူငယ်နှင့်ပညာရေး”စသည့် ခေါင်းစဉ်များဖြင့် လူငယ်များ အသိပညာ ဗဟုသုတရရှိစေရန်အတွက် အသေးစိတ် ရှင်းလင်း ဟောပြောခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများ၊ နမ့်ဆောင်ဟူး အခြေခံပညာအထက်တန်းကျောင်းခွဲမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်းအင်အား(၁၁၂)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ထွေးငယ်
https://t.me/MyanmarNationalPost



No comments:
Post a Comment