MNP - ဇန်နဝါရီ ၂၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ခရိုင်တရားရုံးဖွင့်ပွဲနှင့် ဆိုင်းဘုတ်တင်အခမ်းအနားကို ယနေ့နံနက် ၉နာရီခွဲက ဝမ်ပုံကျေးရွာအုပ်စု၊ အမှတ်(၁)ကျေးရွာ၊ မိတ္ထီလာ-တောင်ကြီး-တာချီလိတ် ပြည်ထောင်စုလမ်းမကြီးဘေးရှိ အဆိုပါ ခရိုင်တရားရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကျော်ဝင်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ကျော်မျိုးဝင်း၊ ခရိုင်တရားသူကြီး ဦးဇော်မင်းနှင့် ခရိုင်ဥပဒေအရာရှိ ဦးဘုန်းနိုင်တို့က ခရိုင်တရားရုံးကို ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့ကြသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကျော်ဝင်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ကျော်မျိုးဝင်း၊ ခရိုင်တရားသူကြီး ဦးဇော်မင်း၊ ခရိုင်ဥပဒေအရာရှိ ဦးဘုန်းနိုင်နှင့် တာဝန်ရှိသူများက ခရိုင်တရားရုံးဆိုင်းဘုတ်ကို အမွှေးနံ့သာရည်များ ပက်ဖျန်း ပေးခဲ့ကြသည်။
အဆိုပါ ခရိုင်တရားရုံးဖွင့်ပွဲနှင့် ဆိုင်းဘုတ်တင်အခမ်းအနားကို ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်ကျော်ဝင်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးကျော်မျိုးဝင်း၊ ခရိုင်တရားသူကြီး ဦးဇော်မင်း၊ ခရိုင်ဥပဒေအရာရှိ ဦးဘုန်းနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မို၊ မြို့နယ်တရားသူကြီး ဦးလှရွှေနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ဖိတ်ကြား ထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
သူရအောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment