MNP ၊ ဇန်နဝါရီလ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ် ကိုးတောင်ဘိုကျေးရွာ အနီးတွင် လုံခြုံရေးအဖွဲများက အများပြည်သူများ အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် အချိန်နှင့်တပြေးညီ နယ်မြေရှင်းလင်းဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက PDF အကြမ်းဖက်သမားများနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမား ၂ဦး အသေဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။
အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများကို ခေါင်းစဉ်အမျိုမျိုးတပ်၍ လိုက်လံလုပ်ကြံသတ်ဖြတ်နေသော PDF အကြမ်းဖက်သမားများက လာရောက်ပစ်ခတ်တိုက်ခိုက်သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ရှင်းလင်းမှုများပြုလုပ်ခဲ့ရာ အကြမ်းဖက်သမားများ ဆုတ်ခွါထွက်ပြေးသွားခဲ့သည်။
လုံခြုံရေးအဖွဲများသည် အကြမ်းဖက်သမားများ ထွက်ပြေးသွားရာလမ်းကြောင်းတစ်လျှောက်အား လိုက်လံရှင်းလင်းမှုများ ပြုလုပ်ခဲ့ရာ PDF အကြမ်းဖက်သမား ၂ဦး (အသေ) ၊ လက်လုပ်သေနတ် ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည်ဆံ ၅ တောင့်၊ လက်ပစ်ဗုံး ၅ လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
#MyanmarNationalPost
(လက်သုံးချောင်းထောင် PDF အကြမ်းဖက်သမားများသည် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများကို သတ်ဖြတ်နေသည်။ အကြမ်းဖက်အဖွဲ့များအား အမေရိကန်ဦးဆောင်သော အနောက်အုပ်စုက ထောက်ပံ့ပေးနေသည်။ PDF အကြမ်းဖက်သမားများ အလိုမရှိ။)
No comments:
Post a Comment