စစ်ကိုင်းမြို့၊ သုံးလင့်ကျေးရွာအနီးတွင် PDF အကြမ်းဖက်သမားများ၏ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းမြို့၊ သုံးလင့်ကျေးရွာအနီးတွင် PDF အကြမ်းဖက်သမားများ၏ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ


MNP ၊ ဇန်နဝါရီလ ၂၄ 

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ သုံးလင်ကျေးရွာအနီးတွင် လုံခြုံရေးအဖွဲများက နယ်မြေရှင်းလင်းဆောင်ရွက်နေစဉ် ယမန်နေ့ ညနေပိုင်းက မသင်္ကာဖွယ်တောင်ယာတဲ ၁ လုံးအား တွေ့ရှိရသဖြင့် လုံခြုံရေးအဖွဲ့များက ဝင်ရောက်ရှင်းလင်းမှုများ ပြုလုပ်ခဲ့ရာ PDF အကြမ်းဖက်သမားများ သိုဝှက်ထားသော လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ တဲအတွင်းမှ PDF အကြမ်းဖက်သမားများ သိမ်းဆည်းထားသော လက်လုပ်သေနတ် ၉ လက်၊ လက်လုပ် စိန်ပြောင်း ၁ လက်၊ လက်လုပ်ရှော့တိုက်ဒုံးသီး ၂ လုံး၊ လက်လုပ်ဗုံးသီး ၇ လုံး၊ လက်လုပ်ယမ်းတောင့် ၅၀ တောင့်၊ လက်လုပ်သေနတ်ပြောင်း ၅ ခု၊ သံတိုသံစ ၃၀ ပိဿာ၊ မိုင်းပြုလုပ်သည့် ပုံစံခွက် ၄ ခွက်၊ ခဲရည်ကြိုသည့်ဖို ၁ ဖိုတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

(လက်သုံးချောင်းထောင် PDF အကြမ်းဖက်သမားများသည် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများကို သတ်ဖြတ်နေသည်။ အကြမ်းဖက်အဖွဲ့များအား အမေရိကန်ဦးဆောင်သော အနောက်အုပ်စုက ထောက်ပံ့ပေးနေသည်။ PDF အကြမ်းဖက်သမားများ အလိုမရှိ။)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)