MNP - ဇန်နဝါရီ ၂၄
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများဖြစ်သည့် အမက(အောက်ရွာ)ကျောင်း၊ အလက(ငလပွေ့)ကျောင်းနှင့် အလက(ကုလားဘာတောင်)(မြို့)ကျောင်းများမှ အသက်(၅)နှစ်မှ (၁၂) နှစ်အတွင်းရှိ ကျောင်းသား၊ကျောင်းသူများကို ယနေ့ နံနက်ပိုင်းက ကျန်းမာရေးဌာနမှဝန်ထမ်းများက အဆိုပါကျောင်းများသို့သွားေရာက်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိသည့် ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာတွင် ဆေးထိုးနှံခြင်းမပြုမီ စာရင်းမှတ်တမ်းရေးသွင်းကောက် ယူခြင်း၊ ကိုယ်အပူချိန်တိုင်းပေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများကို တာဝန်ကျဆရာ၊ဆရာမများနှင့် ကျန်းမာရေးဌာနမှဝန်ထမ်းများက ကူညီဆောင်ရွက်ပေးပြီး ကျန်းမာရေးဌာနမှဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအားထိုးနှံပေးခြင်းဖြစ်ကာ ဆေးထိုးနှံမှုပြီးပါက သတ်မှတ်နေရာများတွင် မိနစ် (၃၀) ခန့်စောင့်ကြည့်ခြင်းကို ကြက်ခြေနီတပ်ဖွဲ့ဝင်များက အနီးကပ်စောင့်ကြပ်ကာ လိုအပ်သည်များကို ကူညီဆောင်ရွက်လျက်ရှိသည်။
ကျောက်ဖြူမြို့နယ်၌ အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိ ကျောင်း သား၊ကျောင်းသူ(၁၇၈၆၇)ဦးအား ပထမအကြိမ်နှင့် ဒုတိအကြိမ် အဆိုပါကာကွယ်ဆေးကို ထိုးနှံပေး ထားပြီးဖြစ်ကာ ယနေ့တွင် ဆေးထိုးနှံပြီးဖြစ်သည့် ကျောင်းသား၊ ကျောင်းသူများကို တတိယအကြိမ် အဖြစ်ထိုးနှံပေးခြင်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း
https://t.me/MyanmarNationalPost




No comments:
Post a Comment