MNP - ဇန်နဝါရီ ၂၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်အခွန်ဦးစီးဌာနတို့ ပူးပေါင်း၍ မီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြပွဲကို မြို့နယ်အခွန်ဦးစီးဌာနရုံးတွင် ယနေ့နံနက်(၁၀)နာရီအချိန်က သရုပ်ပြခဲ့ပါသည်။
အဆိုပါ သရုပ်ပြပွဲတွင် လဲချားမြို့နယ် မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်လင်းထွန်းမှ မီးအခြေခံသဘောတရား၊ မီးလောင်မှုအကြောင်းအရင်း၊ မီးလောင်မှုအမျိုးအစားများ၊ မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်နည်း၊ မီးသတ်ဆေးဗူး ကိုင်တွယ်အသုံးပြုပုံများကို လက်တွေ့သရုပ်ပြကာ မြို့နယ်အခွန်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုင်းအာကာနှင့် ဝန်ထမ်းများမှ စိတ်ပါဝင်စားစွာ လက်တွေ့သရုပ်ပြ ပါဝင်လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment