ဆိပ်ကြီးခနောင်တိုမြို့နယ်၌ အသက် ၅ နှစ်မှ ၁၂ နှစ် အရွယ် ကျောင်းသား၊ ကျောင်းသူ ၁၉၃၅ ဦးအား ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်း ကာကွယ်ဆေး ထိုးနှံပေးပြီးဖြစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ အသက် ၅ နှစ်မှ ၁၂ နှစ် အရွယ် ကျောင်းသား၊ ကျောင်းသူ ၁၉၃၅ ဦးအား ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်း ကာကွယ်ဆေး ထိုးနှံပေးပြီးဖြစ်


MNP  -   ဇန်နဝါရီ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ဆက်လက်ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆေးများကို သတ်မှတ်ဦးစားပေးအုပ်စုအလိုက် ဆက်တိုက်ထိုးနှံပေးလျက်ရှိရာ အသက် ၅ နှစ်မှ၁၂ နှစ်အရွယ် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ဆက်လက် ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီမှစ၍ ဆမားဒူးဝါး ရပ်ကွက်ရှိ အမှတ်(၁၂) အခြေခံပညာမူလတန်းလွန်ကျောင်းတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ  ဆက်လက် ထိုးနှံပေး လျက် ရှိသည်။


ကာကွယ်ဆေး ထိုးနှံပေးရာတွင် မြို့နယ်သူနာပြုဆရာမကြီး ဒေါ်ခင်ပပလွင် ဦးဆောင်၍ သူနာပြုဆရာမများနှင့် ကျန်းမာရေးဝန်ထမ်များက အသက် ၅ နှစ်မှ ၁၂ နှစ်အရွယ် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး Sinopharm  ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့ထိ ဆေးထိုးရန် စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ၃၁၁၁ ဦး ရှိသည့်အနက် ကျောင်းသား၊ ကျောင်းသူ ၁၉၃၅ ဦးအားထပ်ဆောင်း ကာကွယ်ဆေးထိုးနှံပေးပြီးဖြစ်ကြောင်း မြို့နယ်ပညာရေးဌာနမှ သိရသည်။


အဆိုပါ ကိုဗစ်-၁၉ ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ သက်ဆိုင်ရာ ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား မိဘများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ကျန်ရှိသည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း သက်ဆိုင်ရာကျောင်းများအလိုက် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ဝေယံ

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)