သနပ်ပင်မြို့နယ် အထက(ကမာစဲ)ကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သနပ်ပင်မြို့နယ် အထက(ကမာစဲ)ကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ



MNP  -   ဇန်နဝါရီ ၂‌၄

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် လူငယ်များဗလငါးတန်ပြည့်စုံ‌စေရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က အခြေခံပညာအထက်တန်း(ကမာစဲ)ကျောင်၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ   အထက(ကမာစဲ)ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးချိုမှ အမှာစကားပြောကြားရာတွင် ယခုလိုစကားဝိုင်းပြုလုပ်ပေးသည့်အတွက် ကျောင်းသားလူငယ်များအချင်းချင်း  အသိပညာဗဟုသုတများတိုးပွားလာစေပြီး၊ စဉ်စားတွေးခေါ်မှု တိုးတက်မြင့်မားလာစေကြောင်း၊ ပညာရဲရင့်ပွဲလယ်တင့်ဆိုသည့်စကားတိုင်း လူငယ်များပြောရဲဆိုရဲသည့် သတ္တိများရရှိလာမည့်ဖြစ်ကြောင်း ပြောကြားခဲ့သည်။


ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ညိုပြာမှလူငယ်စကားဝိုင်းကျင်းပရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး  အထက(ကမာစဲ) အထက်တန်းပြဆရာမတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ဆက်လက်၍  လူငယ်စကားဝိုင်းစတင်ခဲ့ရာ  ခေါင်းဆောင်ဆွေးနွေးသူအဖြစ် ကျောင်းအုပ်ဆရာမကြီးဒေါ်အေးအေးချိုက ကျောင်းသားကျောင်းသူများအား  မူးယစ်ဆေးဝါးအန္တရာယ်၏ ဆိုးကျိုးများအကြောင်းကိုပြောဆိုဆွေးနွေးပြီး အထက(ကမာစဲ) Grade(11)မှ မောင်ထက်မြတ်‌အောင်က လူငယ်နှင့်ဘာသာရေး၊ Grade(11)မဝင်းပပခိုင်က လူငယ်နှင့်ယဉ်ကျေးမှု၊ Grade(11) မအိမြတ်နိုးကလူငယ်နှင့်စာဖတ်ခြင်း၊ ကျောင်းသားကျောင်းသူ(၃)ဦးကအစရှိသည့် ခေါင်းစဉ်ပါအကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။


ယင်းနောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့သိရှိလိုသည်များ မေးမြန်းဆွေးနွေးရာ သက်ဆိုင်ရာခေါင်းစဉ်အလိုက် ပြန်လည်ဆွေးနွေးကြကြောင်း သိရသည်။


အဆိုပါ ဆွေးနွေးပွဲသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ အထက(ကမာစဲ)ကျောင်းအုပ်ဆရာမကြီး ဒေါ်‌အေးအေးချိုနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများစုစုပေါင်း(၁၆၀)ဦး တက်ရောက်ခဲ့သည်။


လှမိုး

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)