ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ


MNP  -  ဇန်နဝါရီ ၂၅

ကချင်ပြည်နယ်အတွင်း အသက်အရွယ်အုပ်စုအလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးခြင်းလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးနှင့် အကြိမ်ပြည့်ထိုးနှံပေးနိုင်ရေး ပြည်နယ် ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် ခရိုင်/မြို့နယ် ကို‌ဗစ် - ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံပြန်ရေးကော်မတီအဖွဲ့ဝင်များ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇန်နဝါရီ ၂၄ ရက် နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။


ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်အတွင်း အသက် (၁၈)နှင့်အထက် ပြည်သူလူထုများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ၎င်းတို့၏မိသားစုဝင်များ၊ အသက်အရွယ်အုပ်စုအလိုက် ကျောင်းသားကျောင်းသူများ၊ ကျောင်းနေပြင်ပကလေးများအား သတ်မှတ်ကာကွယ် ဆေးအမျိုးအစားအလိုက် ထိုးနှံရန် ကျန်ရှိနေသူများနှင့် ထပ်ဆောင်း ကာကွယ်ဆေး (Booster Dose)ကိုလည်း အကြိမ်ရည်ပြည့်မီစွာ ထိုးနှံပေးနိုင်ရေး  သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ပိုမိုထိရောက်အောင်မြင်သော နည်းလမ်းများဖြင့် ရာနှုန်းပြည့် ထိုးနှံပြီးစီးရေး ကြိုးပမ်း ဆောင်ရွက်သွားရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။


ထို့နောက် ကချင်ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကြည်လင်း၊ ကော်မတီတွဲဖက်အတွင်းရေးမှူး၊ ပြည်နယ်ကော်မတီအဖွဲ့ဝင်များနှင့် ခရိုင်၊ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌများက ပြည်နယ်အတွင်း ခရိုင်၊ မြို့နယ် များအလိုက် ကာကွယ်ဆေးထိုးနှံပြီးစီးမှု အခြေအနေများ၊ ဆေးလက်ကျန် ကျန်ရှိမှုအခြေအနေ၊ ရာနှုန်းပြည့် ထိုးနှံပြီးစီးရေး နေ့ရက်အလိုက် ထိုးနှံပေးသွားမည့် လူဦးရေစာရင်းများပါဝင်သည့် အသေးစိတ်အစီအမံများ ကာကွယ်ဆေးထိုးလုပ်ငန်းများနှင့် စပ်လျဉ်း၍ အားနည်းချက်၊ အားသာချက်များနှင့် ဆက်လက်ဆောင်ရွက်သွားမည့် ကိစ္စရပ်များအပေါ် သုံးသပ်ရှင်းလင်း တင်ပြကြသည်။


ဆက်လက်၍ တင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ကာကွယ်ဆေးထိုးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးအောင် ထိုးနှံနိုင်ရေး ဆက်လက်ဆောင်ရွက်သွားရမည့် အသေးစိတ် လုပ်ငန်းစဉ်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။


အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် မွန်းလွဲပိုင်းတွင် အဆိုပါခန်းမ၌ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့ကျရောက်ခဲ့သည့် စိန်ရတုလွတ်လပ်ရေး အခမ်းအနားနှင့် ဇန်နဝါရီလ (၁၀)ရက်နေ့တွင် ကျရောက်ခဲ့သည့် (၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့ အခမ်းအနား၊ မြို့တော်ခန်းမဝင်းအတွင်း MSME ပြခန်းများ ဖွင့်လှစ်ပြသခဲ့မှုများနှင့် စပ်လျဉ်း၍ ဘ‌ဏ္ဍာငွေ သုံးစွဲကုန်ခဲ့မှုအပေါ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဆက်လက်ကျင်းပ ပြုလုပ်ခဲ့ကြပြီး ဆပ်ကော်မတီအသီးသီးမှ သုံးစွဲကုန်ကျခဲ့သည့် ဘဏ္ဍာငွေ ကုန်ကျခဲ့မှုများအပေါ် တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများကို ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)