MNP - ဇန်နဝါရီ ၁၂
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့တွင်၂၀၂၂ -၂၀၂၃ ပညာသင်နှစ် မြို့နယ်ပညာရေးစုံညီပွဲတော်အခမ်းအနားကိုဇန်နဝါရီ ၁၁ရက် နံနက် ၉ နာရီ အချိန်ခန့်တွင်အမှတ်(၂)အခြေခံပ ညာအထက်တန်းကျောင်းခန်းမဆောင်တွင်ကျင်းပပြုလုပ်ကြောင်း သိရသည်။
အခမ်းနားတွင် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူကလေးများက "ကြိုဆိုပါသည် စုံညီီပွဲတော်" သီချင်းဖြင့်သီဆိုဂုဏ်ပြုဖွင့်လှစ်ပြီးနောက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ထွေးက အဖွင့်အမှာစကားပြောကြားသည်။
ဆင်လက်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှူ့ဆောင်အရာရှိ ဦးမင်းဇော် ကအမှာစကားပြောကြားသည်။
ထို့နောက် မြို့နယ်ပညာရေးမှူးဆရာမကြီး ဒေါ် မြင့်မြင့်စန်းမှပညာရေး ပညာရေးစုံညီပွဲတော် ကျင်းပရခြင်းနှင့်ပတ်သတ်၍ ပြောကြားရာတွင် ပညာရေးစုံ ညီပွဲတော်တွင် အဓိကအနေဖြင့် ကျောင်း သားမိဘများ၊ဆရာ ဆရာမများ ကျောင်းသားကျောင်းသူများက ပါဝင်ဆောင်ရွက်ခဲ့ကြောင်း၊ ထို့အပြင် ပညာရေးကို စိတ်ပါဝင်စားသူများအားလုံးပါဝင်ဆောင်ရွက်လို့ရပါတယ်၊ နိုင်ငံတော်အနေဖြင့်အခြေခံပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆရာ ဆရာမများအနေဖြင့် ကျောင်းသားကျောင်းသူများကို အမှန်တကယ် ပညာတတ်မြောက်အောင် သင်ကြားပေးကြရမည်ဖြစ်ပါကြောင်း၊ ပညာတတ်အောင်သင်ကြားပေးခြင်းနှင့်အတူ ယဉ်ကျေးလိမ္မာအောင်၊ နိုင်ငံချစ်စိတ် မျိုးချစ်စိတ်ရှိအောင်နှင့်အကျင့်စာ ရိတ္တကောင်းမွန်သော ပညာပြည့်ဝနှလုံးလှသည့် နိုင်ငံသားကောင်းများဖြစ်လာအောင် ပြုစုပျိုးထောင်ပေးကြရမည်ဖြစ်ပါကြောင်း၊ထိုသို့ပြုစုပျိုးထောင်ရာတွင် မိဘ၊ဆရာ၊ ကျောင်းသားပူးပေါင်း၍ လက်တွဲညီညီကြိုးစားဆောင်ရွက်ကြရန် အရေးကြီးပါကြောင်း၊ နိုင်ငံသားတိုင်းအခြေခံပညာကို KG+ 9 အထိမဖြစ်မနေသင်ကြားနိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာဖြင့် ပညာသင်နှစ် တစ်နှစ်အောင်မြင် ပြီးမြောက်အောင်သင်ယူနိုင်ရေးအတွက် စေတနာ၊ဝါသနာ၊အနစ်နာတို့ဖြင့် သစ္စာရှိရှိ ကြိုးစား သင်ကြားပေးနေကြသည့် ဆရာ ဆရာများအားလုံးကို အထူးကျေးဇူးတင်ဂုဏ်ယူပါကြောင်း၊ အခြေခံပညာ ကျောင်းများတွင် ကျောင်းသား၊ ဆရာ၊ မိဘများ ကြည်နူးပျော်ရွှင်စွာလက်တွဲ၍ ပညာရေးစုံညီပွဲတော်များ၊ အားကစားပွဲများ၊ ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပဆောင်ရွက်နေသည်ကို ဝမ်းမြောက်စွာတွေ့မြင်ရပါကြောင်းပြောကြားခဲ့သည်။
အစီအစဥ်အရမြို့နယ်အဆင့်စုံညီပွဲတော် ဆု(ဥာဏ) ရရှိသော ကျောင်းသားကျောင်းသူများ ၄၇ဦးနှင့် စုံညီပွဲတော်ဆု အားကစားဆုရရှိသော ၄၆ဦး
အားထူးချွန်ဆုများအသီးသီးကိုပေးအပ်ချီးမြှင့်ပေးကြသည်။
အမကအေ(၉)လမ်းမှ ကျောင်းသား/သူလေးများက "စုံညီပွဲတော်တို့နွှဲပျော်"သီချင်းဖြင့် ဖျော်ဖြေခြင်း
အစီအစဉ်(၇)အထက(၁)မှကျောင်းသား/သူလေးများက "မင်္ဂလာပါ" အကဖြင့်ဖျော်ဖြေခြင်း၊
အထက(ပျားမွတ်လျှော်ချောင်း)မှကျောင်းသား/သူလေးများက "မာမီသက်ရဲ့အင်္ဂလိပ်စာ သင်တန်း" သီချင်းဖြင့် တေးသရုပ်ဖော်ဖျော်ဖြေခြင်း
အလက(မြို့မ)မှကျောင်းသားကျောင်းသူလေးများက "နှလုံးသားကိုအလှဆင်ပါ"သီချင်းဖြင့်သီဆို ဖျော်ဖြေခြင်း ၊
အထက(ပျားမွတ်လျှော်ချောင်း)မှကျောင်းသားသူလေးများက"ခွင့်လွှတ်ပါဆရာ"သီချင်းဖြင့် တေးသရုပ်ဖော်ဖျော်ဖြေခြင်း၊
အလက(ခွဲ)အောင်သုခမြို့မှ ကျောင်းသူလေးများက "အပျိုဖြန်းအကဖြင့်ဖျော်ဖြေခြင်း၊
အမက(မင်းကျောင်း)မှကျောင်းသားကျောင်းသူလေးများက"ဗာရာဏသီအက"ဖြင့်ဖျော်ဖြေခြင်း
အလက(တောရ)မှကျောင်းသူလေးများက"ပန်းကလေးများရဲ့ဥယျာဉ်မှူး"အကဖြင့်ဖျော်ဖြေခြင်း
အလက(မြို့မ)မှ ကျောင်းသူလေးများမှ "ပန်းပွား"အကဖြင့်ဖျော်ဖြေခြင်း
အလက(ခွဲ)အောင်သုခမြို့မှကျောင်းသား/သူလေးများက စုံညီသီချင်း"ဖြင့်ဖျော်ပြေပြီး အခမ်းအနားကိုအောင်မြင်စွာကျင်းပခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment