MNP - ဇန်နဝါရီ ၁၂
ရခိုင်ပြည်နယ် ၊ သံတွဲခရိုင်၊သံတွဲမြို့ အ.ထ.က (ခွဲ)မြို့မ ကျောင်း ၌၂၀၂၂- ၂၀၂၃ ဩပညာသင်နှစ် ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၁:၃၀ နာရီအချိန်က ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားကို GRADE-10 ကျောင်းသား/သူများက နှလုံးသားကိုအလှဆင်ပါ တေးသီချင်းဖြင့် သီဆို၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့သည်။ ထို့နောက် သံတွဲခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် ဉီးလှဟန်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ခရိုင်ပညာရေးမှူး ဒေါ်ဝိုင်းစိန်မှ ပညာရေးစုံညီပွဲတော် ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် ပညာရည်ချွန်ဆုချီးမြှင့်ပွဲကိုကျင်းပရာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် သံတွဲမြို့နယ်၌လူရည်ချွန်ဘက်စုံထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများ ၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဂုဏ်ထူးရကျောင်းသား၊ကျောင်းသူများ၊ ၂၀၂၁-၂၀၂၂ပညာသင်နှစ်နှင့် ၂၀၂၃ ပညာသင်နှစ်တို့တွင် ပြည်နယ်အဆင့်၊ ခရိုင်အဆင့်ဖွံ့ဖြိုးဆု၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် သင်္ချာထူးချွန်ပြိုင်ပွဲ ဆုရကျောင်းသား၊ကျောင်းသူများ၊ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ပညာရည်ချွန်ဆုများ၊ ကျောင်းတွင်းဖွံ့ဖြိုးရေးဆုများနှင့် တက္ကသိုလ်ဝင်စာမေးပွဲ ဂုဏ်ထူးရရှိအောင်သင်ကြားပေးသည့်ဆရာ၊ ဆရာများကို တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ကြရာ မြန်မာ့ယဉ်ကျေးမှုအဆိုအက ၊ တေးသရုပ်ဖေါ်အကများဖြင့် ပြန်လည်ဖျော် ဖြေခဲ့ကြကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment