ကျောက်ဖြူမြို့၊ ကျောက်တစ်လုံး IDPs စခန်း၌ မီးဘေးအန္တရာယ်ကင်းဝေးစေရေး မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်ဖြူမြို့၊ ကျောက်တစ်လုံး IDPs စခန်း၌ မီးဘေးအန္တရာယ်ကင်းဝေးစေရေး မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး




MNP  -  ဇန်နဝါရီ   ၁၂

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ ကျောက်တစ်လုံး IDPs စခန်း၌ ခိုလှုံနေပြည်သူများအား မီးဘေးအန္တရာယ်မကျရောက်စေရန်အတွက်  ယနေ့ နံနက်ပိုင်းက မီးသတ်တပ်ဖွဲ့ဝင်များမှ အဆိုပါ ခိုလှုံရာစခန်းသို့သွားရောက်၍ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးခဲ့သည်။


 ထိုသို့ကွင်းဆင်းစစ်ဆေးမှုကို ကျောက်ဖြူမြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးမင်းသူ ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များ၊ အမှတ်(၁)တပ်ခွဲ၊ ကျောက်တစ်လုံး လုံခြုံရေးရဲကင်းစခန်း၊ အမှတ်(၃၂) လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များနှင့် ဂုံးချွိန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး တို့ပါဝင် သည့်   ပူးပေါင်းအဖွဲ့တို့က ခိုလှုံရာကျောက်တစ်လုံး IDPs စခန်းသို့သွားရောက်ပြီး ၎င်းစခန်းနေပြည် သူများ၏နေအိမ်များ၌ သွယ်တန်းထားရှိသော ဝါယာကြိုးများ ပေါက်ပြဲဆွေးမြေ့ နေမှုရှိ/မရှိ၊ မီးသုံးစွဲမှုစနစ်တကျရှိ/မရှိ၊ အရေးပေါ်မီးသတ်ဆေးဗူးများထားရှိမှု ရှိ/မရှိ၊  မီးသတ်ကတ်များ၊ မီးသတ်ခွင်းများနှင့် အရေးပေါ်မီးငြှိမ်းသတ်နိုင်ရန် ရေလှောင်ကန်များတွင် ရေသိုလှောင်ထားရှိမှု တို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ အချက်အလက်များ နှင့် မီးလောင်မှု၊ မီးလန့်မှုမျျားမဖြစ်ပေါ်စေရေးတို့ကို အကြံပြုမှာကြားခဲ့ကြောင်း သိရှိရသည်။ 


တင်ထွန်းဦး၊ဖြိုးဝေလင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)