MNP - ဇန်နဝါရီ ၁၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ၌ တက်ရောက်ပညာသင်ကြားနေသော အသက်(၅)နှစ်မှ(၁၂)ကြား ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးခြင်းကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ရန်အောင်မြင်ကျေးရွာအုပ်စုအတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများကို သက်ဆိုင်ရာစုရပ်အလိုက် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ထမ်းများ၊ ဆရာ၊ဆရာမများ၊ လူမှုရေးအသင်းအဖွဲ့များက ကာကွယ်ဆေးမထိုးမီ စာရင်းရေးသွင်းခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းခြင်း၊ ဆေးထိုးပြီးနောက် ခေတ္တစောင့်ကြည့်ပြီးမှ ပြန်လည်ထွက်ခွာစေခြင်းတို့ကို ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးခြင်းကို ယနေ့အချိန်ထိ အခြေခံပညာစာသင်ကျောင်းများနှင့် ဘုန်းတော်ကြီး သင်စာသင်ကျောင်းများမှ အသက်(၅)နှစ်မှ(၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၂၈၃၃)ဦးအား ထိုးနှံပေးနိုင်ခဲ့ပြီး ကာကွယ်ဆေး ထိုးရန်ကျန်ရှိနေသည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း သက်ဆိုင်ရာဆေးထိုးစုရပ်များအလိုက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ကို
https://t.me/MyanmarNationalPost
No comments:
Post a Comment