သထုံမြို့နယ်၌ ကျား/မတန်းတူအခွင့်အရေးရရှိမှုနှင့် အကြမ်းဖက်မှုဆိုင်ရာများ အသိပညာပေးဆွေးနွေးပွဲ ပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

သထုံမြို့နယ်၌ ကျား/မတန်းတူအခွင့်အရေးရရှိမှုနှင့် အကြမ်းဖက်မှုဆိုင်ရာများ အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်




MNP  -    ဇန်နဝါရီ         ၁၇

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ခရိုင်လူမှုဝန်ထမ်းရုံးနှင့် နွေးထွေးသောရင်ခွင်အဖွဲ့တို့ပူးပေါင်း၍ ကျားမတန်းတူအခွင့်အရေးရရှိမှုနှင့် အကြမ်းဖက်မှုဆိုင်ရာ သိကောင်းစရာများ ‌ပညာပေးဆွေးနွေးပွဲကို ယနေ့ နံနက်က ခရိုင်လူမှုဝန်ထမ်းရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။


ဆွေးနွေးပွဲတွင် ရှေးဦးစွာ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မို့မို့က အသိပညာပေး ဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းအမှာစကား ပြောကြားပြီး မော်လမြိုင်မြို့ အခြေစိုက် နွေးထွေးသောရင်ခွင်

အဖွဲ့မှ စီမံချက်မန်နေဂျာ ဦးဇော်မိုးအောင်က ကျား/မ သဘာဝ(Sex) နှင့် ကျားမရေးရာ(Gender) သဘောတရားများ၊ ခွဲခြားနှိမ်ချဆက်ဆံခြင်း ပုံသဏ္ဍန် အမျိုးမျိုးများ၊ ရုပ်ပိုင်း စိတ်ပိုင်း၊ လိင်ပိုင်း၊ လူမှုစီးပွားရေးဆိုင်ရာအကြမ်းဖက်ဖက်မှုများနှင့် အန္တရာယ်ရှိသော ရိုးရာအလေ့အထများ၊ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ်ပါ အချက်များတို့ကို ရှင်းလင်းဆွေးနွေးသည်။


ယင်းနောက် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲရေး လုပ်ငန်းစနစ် အကောင်အထည်ဖော်ဆောင်ရွက်မှုနှင့်ပတ်သတ်သည့် သိသင့်သိထိုက်သည်တို့ကို ရှင်းလင်းဆွေးနွေးရာ တက်ရောက်လာသူတို့က သိလိုသည်တို့ကို မေးမြန်းပြီး တာဝန်ရှိသူတို့က ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။


အဆိုပါဆွေးနွေးပွဲကို ခရိုင်လူမှုဝန်ထမ်းရုံး၌ တစ်ရက်ကြာပြုလုပ်ခဲ့ပြီး သထုံမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ လူမှုကူညီရေး ပရဟိတအဖွဲ့များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


နဒီ

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)