ရန်ကင်းမြို့နယ်တွင် (Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူသည့် အိမ်ထောင်စု(၄၆၃၄၂)စု အား အတည်ပြုနိုင်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကင်းမြို့နယ်တွင် (Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူသည့် အိမ်ထောင်စု(၄၆၃၄၂)စု အား အတည်ပြုနိုင်လျက်ရှိ



MNP  -   ဇန်နဝါရီ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်၌ လူဦးရေစာရင်းမှန်ကန်စေရေး မြေပြင်ကွင်းဆင်း၍ တိုက်ဆိုင်စစ်ဆေးရန်အတွက် ရပ်ကွက်/ကျေးရွာများတွင် တစ်အိမ်တက်ဆင်း  စာရင်းကောက်ယူခြင်းလုပ်ငန်းများကို ယခုလ ၉ ရက်နေ့မှစ၍ ရပ်ကွက်/ကျေးရွာများအတွင်းဆောင်ရွက်ခဲ့ရာ ယမန်နေ့အထိ ကောက်ယူခဲ့သောစာရင်းများအရ အိမ်ထောင်စု(၄၆၃၄၂)စုကို အတည်ပြုထားနိုင်ပြီဖြစ်ကြောင်း သိရသည်။


ရန်ကင်းမြို့နယ်တွင် ရပ်ကွက်(၁၅)ခု၊ ကောက်ကွက်(၅၆)ကွက်တွင် ဌာနဆိုင်ရာဝန်ထမ်းများ၊ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်ချုပ်မှူးများနှင့်စာရေးများ၊ ရာအိမ်မှူးများနှင့် စေတနာ့ဝန်ထမ်းများပါဝင်သည့် စာရင်းကောက်ယူရေးအဖွဲ့များဖြင့် ရပ်ကွက်/ကျေးရွာများအလိုက် သတ်မှတ်ပုံစံများဖြင့် မြေပြင်ရှိလူဦးရေစာရင်းများကို  လိုက်လံကောက်ယူလျက်ရှိကြောင်း ဇန်နဝါရီလ ၉ ရက်နေ့မှ ဇန်နဝါရီလ ၁၆ ရက်နေ့အထိ ကောက်ခံရရှိသော စာရင်းများအရ(၈)ရက်အတွင်း အိမ်ထောင်စု(၄၆၃၄၂)စုကို အတည်ပြုနိုင်ခဲ့ပြီး ကျန်ရှိနေသည့် အိမ်ထောင်စုများကိုလည်း သက်ဆိုင်ရာတာဝန်ရှိသူများတို့မှ ဆက်လက်ကောက်ခံလျက်ရှိကြောင်း သိရသည်။


အဆိုပါ မြေပြင်ကွင်းဆင်းလူဦးရေစာရင်း ကောက်ယူရာနေရာများသို့  မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများတို့က ရပ်ကွက်/ကျေးရွာများအလိုက်ကြီးကြပ်၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


အိရွှေစင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)