MNP - ဇန်နဝါရီ ၃၁
၂၀၂၃ ခုနှစ်၊ ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ ရန်ကုန်ဇုန်(ဇုန်-၂)အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)(သင်္ဃန်းကျွန်း)၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကားပြောကြား၍ ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့ပြီး ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန်ရွတ်ဆိုခဲ့ကြသည်။ ဆက်လက် ၍ ရန်ကုန်တိုင်းဒေကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က အားကစားအဖွဲ့များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြပြီး ရန်ကင်းပညာရေးဒီဂရီကောလိပ်၊ လှည်းကူးပညာရေးဒီဂရီကောလိပ်၊ သင်္ဃန်းကျွန်းပညာရေးဒီဂရိကောလိပ်တို့မှ ကျောင်းသား/သူလေးများက Fitness Dance အားကစားနည်း၊ ဝူရှူးအားကစားနည်း၊ တိုက်ကွမ်ဒိုအားကစားနည်း၊ ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများ၊ ကဗျာလွတ်အကများဖြင့် သရုပ်ဖော်ပြသခဲ့ကြသည်။
ထို့နောက် အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)မှ ကျောင်းသား/သူလေးများက မြန်မာ့သိုင်းအားကစားနည်းအား သရုပ်ပြကစားခဲ့ကြပြီး မြန်မာနိုင်ငံခြင်းလုံးရိုးရာအဖွဲ့ချုပ်က တစ်ကိုယ်တော်ခြင်းလုံး အလှပြခတ်ခြင်း စွမ်းရည်ပြသခဲ့ကြသည်။
အဆိုပါ ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ ရန်ကုန်ဇုန်(ဇုန်-၂)အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ဆရာ အတတ်ပညာဦးစီးဌာနမှတာဝန်ရှိသူများ၊ ပညာရေးဒီဂရီကောလိပ်ကျောင်း(၁၃)ကျောင်းမှ တာဝန်ရှိသူများနှင့် ဆရာ/ဆရာမများ၊ ပြိုင်ပွဲဝင် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြကြောင်းနှင့် အဆိုပါ အားကစားပြိုင်ပွဲများကို ၂၀၂၃-ခုနှစ် ဖေဖော်ဝါရီလ(၂)ရက်နေ့မှစတင်ကာ နေရာနှစ်နေရာခွဲ၍ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိ ပါသည်။
နိုင်လင်းအောင်
https://t.me/MyanmarNationalPost




No comments:
Post a Comment