ရသေ့တောင်မြို့၊အထက(၁)ကျောင်းတွင်လူငယ်စကားဝိုင်းနှင့် အသိပညာပေးနံရံကပ် စာစောင်၊ဓာတ်ပုံပြပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့၊အထက(၁)ကျောင်းတွင်လူငယ်စကားဝိုင်းနှင့် အသိပညာပေးနံရံကပ် စာစောင်၊ဓာတ်ပုံပြပွဲကျင်းပ





MNP  -   ဇန်နဝါရီ  ၃၁

        ရခိုင်ပြည်နယ်၊ရသေ့တောင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းနှင့် အသိပညာပေးနံရံကပ်စာစောင်၊ဓာတ်ပုံပွဲကိုယနေ့‌နံနက်(၁၁)နာရီအချိန်က အထက(၁) ကျောင်းဦးချောင် ခန်းမ၌ ကျင်းပသည်။


    ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်တင်ဇာဦးက  အနာဂတ်ရဲ့မျိုးဆက်သစ်လူငယ်တွေဘက်ပေါင်းထူးချွန်ထက်မြတ်ဖို့ဆိုရင်သူတို့ရဲ့အတွေအကြုံဗဟုသုတအများကြီးလိုအပ်‌ ကြောင်းလူငယ်တွေပြောရဲဆိုရဲရှိပြီးနှုတ်မှုစွမ်းရည်တွေတိုးတက်စေဖို့စာပေတွေကနေဗဟုသုတတွေရရှိပြီးအဲဒါကိုသူငယ်ချင်းအချင်းချင်းအသိပညာတွေကိုမျှဝေပေးနိုင်ရန်ပူးပေါင်းဆောင်ရွက်တက်တဲ့အလေ့အကျင့်ကောင်းတွေရရှိ‌ စေရန်ပါဝင်ဝင်ဆွေးနွေးရဲတဲ့အတွေအကြုံနှင့်အသိဉာဏ်တွေရင့်သန်လာစေပို့ရည်ရွယ်ပြီးကျင်းပရတဲ့ပွဲလည်းဖြစ်‌ ကြောင်းဦးဆောင်ဆွေးနွေးပြီး၊အထက-(၁)ဆရာကြီးဦး‌မောင်စံသိန်းက အဖွင့်အမှာစကားပြောကြားပြီးအထက-၁‌ ကျောင်းမှကျောင်းသား၊ကျောင်းသူလေးများက စကားဝိုင်းဆွေးနွေးကြသည်။


လူငယ်စကားဝိုင်းတွင် Grade – 11 မှကျောင်းသူ မနှင်း‌ဝေလှိုင်က လူငယ်နှင့်ပညာ‌ ရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade – 10မှမခိုင်မျိုး‌အေးက လူငယ်နှင့်ယဥ်‌ ကျေးမှုတန်ဖိုးခေါင်းစဉ်ဖြင့်လည်းကောင်း၊Grade – 11မှ မောင်ထက်လင်းက လူငယ်နှင့်ကျန်းမာ‌ရေးခေါင်းစဉ်ဖြင့် လည်းကောင်း၊‌ Grade – 11မှ မောင်ဦးဖြိုးအောင် က လူငယ်နှင့် ကြီးပွားရေးခေါင်းစဉ်တို့ဖြင့်အသီးသီးဆွေးနွေးကြသည်။ 


ကျောင်းသား၊ ကျောင်းသူများ၏‌ မေးမြန်းမှုများကို ဦးဆောင်ဆွေးနွေးသူဒေါ်တင်ဇာဦးနှင့်စကားဝိုင်းတွင်ပါဝင်ဆွေးနွေးသူကျောင်းသား/သူများက ပြန်လည်‌ ဖြေကြားဆွေးနွေးကြသည်။


အဆိုပါစကားဝိုင်း‌ ဆွေးနွေးပွဲသို့မြို့နယ်လူမှုဝန်ထမ်းဦးစီးဦးမျိုးမင်းမောင်နှင့်ဝန်ထမ်းများ၊ဌာနဆိုင်များ ဆရာ၊ဆရာမများကျောင်းသား/သူများတက်ရောက်ခဲ့ကြပြီး‌ ကျောင်းဝင်းအတွင်း၌ပြသထားသည့်သဘာဝဘေး အန္တရာယ်အသိပညာပေး ဓာတ်ပုံများ၊မူးယစ်ဆေးဝါးအန္တာရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေး နှင့်ကလေးအလုပ်သမားပပျောက်ရေးနံရံကပ်

စာစောင်များပြသထားမှု အားလှည့်လည်ကြည့်ရှုခဲ့ကြသည်။


ထွန်းလင်းကျော်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)