MNP - ဇန်နဝါရီလ ၃၁
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်အတွင်းရှိ ကျေးရွာ(၃)ရွာမှ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ (၄၁၄)ဦးအား မြစိမ်းရောင်စီမံကိန်းရန်ပုံငွေများထုတ်ချေးခြင်းကို ယမန်နေ့က အဆိုပါကျေးရွာများတွင် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင်းကျေးရွာစီမံကိန်းရန်ပုံငွေ (၃)ယူနစ်ကို အင်းယင်း၊ မင်းကုန်း နှင့်ဆုံကုန်းကျေးရွာတို့မှ (၃)ယူနစ်အတွက် ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ် အရင်းဆပ်ကာလပြည့် မြောက်ခဲ့၍ အဆိုပါကျေးရွာများမှ ပြန်လည်ပေးဆပ်ခြင်းနှင့် ထုတ်ချေးခြင်းတို့ကို မြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းနိုင်ဦးနှင့် ဝန်ထမ်း များကကြီးကြပ်ပြီး ကျေးရွာမြစိမ်းရောင်ကော်မတီဝင်များက မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေများထုတ်ချေးပေးခဲ့သည်။ယင်းသို့ ထုတ်ချေးပေးရာတွင် ကျေးရွာ(၃)ရွာမှ စိုက်ပျိုးရေးလုပ် ငန်းလုပ်ကိုင်သူ ၁၆၇ ဦးအတွက် ထုတ်ချေးငွေ ၃၉.၃၅သန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၂၃၈ဦး အတွက် ထုတ်ချေးငွေ ၇၃သန်း၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ၃ ဦးအတွက် ထုတ်ချေးငွေ ၀.၉သန်း၊ ကုန်ထုတ်လုပ်ငန်းလုပ်ကိုင်သူ ၉ ဦးအတွက် ထုတ်ချေးငွေ ၃.၁သန်းတို့ကို အသီးသီးထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်
https://t.me/MyanmarNationalPost

No comments:
Post a Comment