MNP - ဇန်နဝါရီ ၃၁
ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ မီးဘေးလုံခြုံရေးအတွက် မီးငြှိမ်းသတ်ရေးလက်တွေ့သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ မွန်းလွဲ(၃)နာရီခွဲကပျော်ဘွယ်မြို့မဈေးကြီးတွင် ဆောင်ရွက်ခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မျိုးက ဈေးသူဈေးသားများ၊ ဈေးကော်မတီဝင်များနှင့် တွေ့ဆုံ၍ ဈေးဆိုင်ခန်းများတွင် မီးဘေးကြိုတင်ကာကွယ်ရန် ဆောင်ရွက်ထားရမည့်နည်းလမ်းများ၊ မီးသတ်ဆေးဗူးသုံးစွဲ နည်းများရှင်းလင်းသင်ပြကာ ဈေးသူဈေးသားများအားလက်တွေ့ လေ့ကျင့် ငြှိမ်းသတ်စေခဲ့ပြီး သန္ဓေတပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်တို့က မီးဘေးအန္တရာယ်ကြုံတွေ့လာပါက မီးငြှိမ်းသတ်နည်းများ၊ မော်တော်ယာဉ်ဖြင့် ရေပက်ဖြန်းမီးငြှိမ်းသတ်နည်းများ လက်တွေ့ သရုပ်ပြလေ့ကျင့်ခဲ့ကြသည်။
မီးငြှိမ်းသတ်နည်းများ လက်တွေ့သရုပ်ပြလေ့ကျင့်ရာသို့ ရမည်းသင်းခရိုင်မီးသတ်ဦးစီးမှူး ဦးအောင်ခင်ဆင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့်ဝန်ထမ်းများ၊ ဈေးသူဈေးသားများတက်ရောက် ကြည့်ရှုအားပေးခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့သည် မြို့မဈေးအတွင်းမီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
စန်းစန်းကြူ
https://t.me/MyanmarNationalPost
No comments:
Post a Comment