MNP - ဇန်နဝါရီ ၂၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်တွင် မြို့နယ်အိမ်ခြံမြေအကျိုးဆောင်များမှတစ်ဆင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား အိမ်ခြံမြေအကျိုးဆောင်များဆိုင်ရာ ညွှန်ကြားချက်အမှတ် (၁/၂၀၂၃)အား ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး ထပ်ဆင့်ပြန်လည်ရှင်းလင်းသွားနိုင်ရန် ရည်ရွယ်၍ အိမ်ခြံမြေအကျိုးဆောင်များဆိုင်ရာ ညွှန်ကြားချက်များရှင်းလင်းခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိူးထွန်းက မြို့နယ်အိမ်ခြံမြေအကျိုးဆောင်များ ဆိုင်ရာမှတ်ပုံတင်အဖွဲ့၊ အမည်နှင့် အဓိပ္ပာယ် ဖွင့်ဆိုချက်၊ အကျိုးဆောင်အသင်းများဖွဲ့စည်းခြင်း၊ လိုက်နာရမည့်သတ်မှတ်ချက်များ၊ အကျိုးဆောင်နှင့်ဝန်ဆောင်မှု ရယူသူအား အကာအကွယ်ပေးခြင်းနှင့် အခွင့်အရေးများ၊ ထိန်းသိမ်းကြီးကြပ်ခြင်းနှင့်အရေးယူခြင်း၊ အကျိုးဆောင်လုပ်ငန်းအသိအမှတ်ပြု မှတ်ပုံတင်လက်မှတ် စသည့်ညွှန်ကြားချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာများက သိရှိလိုသည်များ မေးမြန်းတင်ပြခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပေးခဲ့ကြောင်း သိရသည်။
ဟိန်းသူအောင်
https://t.me/MyanmarNationalPost

No comments:
Post a Comment