ပေါင်မြို့နယ် ကဒုံစီးတိုက်ကျောင်း၌ အတွင်းအောင်ခြင်း၊ အပြင်အောင်ခြင်းပါဠိတော်များ ရွတ်ဖတ်ပူဇော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ် ကဒုံစီးတိုက်ကျောင်း၌ အတွင်းအောင်ခြင်း၊ အပြင်အောင်ခြင်းပါဠိတော်များ ရွတ်ဖတ်ပူဇော်






MNP  -   ဇန်နဝါရီ    ၂၆

မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်း ဘေးဥပါဒ်အန္တရာယ်များကင်းစင်အေးချမ်းစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဦးထင်လင်းအောင်၏ စီစဉ်ကြီးကြပ်မှုဖြင့်  ပေါင်မြို့နယ်

ကဒုံစီးတိုက်‌ကျောင်း၌ ယနေ့နံနက် ၈ နာရီအချိန်က အတွင်းအောင်ခြင်း၊ အပြင်အောင်ခြင်းပါဠိတော်များအပါအဝင် ဗုဒ္ဓဒေသနာတော်များကို သံဃာတော်များက ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။


ဒေသနာတော်များရွတ်ဖတ်ပူဇော်ရာတွင် ကဒုံစီးတိုက်ကျောင်းဦးဆောင်ဆရာတော် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဌ ကဒုံစီးတိုက်​ကျောင်းဆရာတော်ဘဒ္ဒန္တပညာသာမိဦးစီး ဆရာတော်ဦးဆောင်သည့် သံဃာတော်များက အတွင်းအောင်ခြင်းရှစ်ပါးပါဠိတော်၊ အပြင်အောင်ခြင်းရှစ်ပါးပါဠိတော်နှင့် ဓဇဂ္ဂသုတ်တို့အား ရွတ်ဖတ်ပူဇော်ပြီး မေတ္တာပို့အမျှအတန်းပေးဝေခဲ့ကြသည်။


အဆိုပါဒေသနာတော်များရွတ်ဖတ်ပူဇော်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများတက်ရောက်ကြည်ညိုကြပြီး ဆရာတော်နှင့် သံဃာတော်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)