သထုံမြို့ လမ်းမတော်ကျောင်းတိုက်၌ အတွင်းအောင်ခြင်း၊ အပြင်အောင်ခြင်းပါဠိတော်များ ရွတ်ဖတ်ပူဇော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သထုံမြို့ လမ်းမတော်ကျောင်းတိုက်၌ အတွင်းအောင်ခြင်း၊ အပြင်အောင်ခြင်းပါဠိတော်များ ရွတ်ဖတ်ပူဇော်




MNP   -   ဇန်နဝါရီ     ၂၆

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း ဘေးဥပါဒ်အန္တရာယ်များကင်းစင်အေးချမ်းစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် သိမ်ကုန်းရပ်ကွက်၊ ရန်အောင်မြင်စေတီတော်ဝင်းအတွင်းရှိ လမ်းမတော်ကျောင်းတိုက်၌ ယနေ့နံနက် ၈ နာရီအချိန်က အတွင်းအောင်ခြင်း၊ အပြင်အောင်ခြင်းပါဠိတော်များအပါဝင် ဗုဒ္ဓဒေသနာတော်များကို သံဃာတော်များက ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။


ဒေသနာတော်များရွတ်ဖတ်ပူဇော်ရာတွင် လမ်းမတော်ကျောင်းတိုက် ဦးစီးပဓာနနာယက၊ ဓမ္မာစရိယ၊ ပိဋကတ္တယပါရဂူ ဘဒ္ဒန္တသုမင်္ဂလာဘိဝံသ ဆရာတော်ဦးဆောင်သည့် သံဃာတော်များက အတွင်းအောင်ခြင်းရှစ်ပါးပါဠိတော်၊ အပြင်အောင်ခြင်းရှစ်ပါးပါဠိတော်နှင့် ဓဇဂ္ဂသုတ်တို့အား ရွတ်ဖတ်ပူဇော်ပြီး မေတ္တာပို့အမျှအတန်းပေးဝေခဲ့ကြသည်။


အဆိုပါဒေသနာတော်များရွတ်ဖတ်ပူဇော်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများတက်ရောက်ကြည်ညိုကြပြီး ဆရာတော်နှင့် သံဃာတော်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)