ဒဂုံမြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကွင်းဆင်းဆောင်ရွက်



MNP  -  ဇန်နဝါရီ  ၂၄

ရန်ကုန်တိုင်းဒေသကြီး၊​ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အ‌ခြေခံပညာ‌ဦးစီးဌာနတို့ပူးပေါင်း၍ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့​နံနက် ၁၀နာရီက အမှတ်(၁)အ​ခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပခဲ့သည်။


အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ဒဂုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ် ဦးစီးအရာရှိ ဒေါ်​မေသန္တာက ဆေးလိပ်ကိုမစမ်းသပ်သင့်ကြောင်း၊ မူးယစ်ဆေးဝါးကိုပါ ဆက်လက်သုံးစွဲ လာတတ်ကြကြောင်း၊ ဖြတ်မရအောင်စွဲလမ်းတတ်ကြကြောင်း၊ ဆေးသုံးခြင်းကြောင့်ရရှိလာမည့် ဆိုးကျိုးများစသည်တို့ကို ကျောင်းသား​ ကျောင်းသူများအား အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော မူးယစ်‌ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်များ၊ မူးယစ်‌‌​​ဆေးဝါးအမျိုးအစားများ၊ ကိုဗစ်- ၁၉ ရောဂါကာကွယ်ရေးအသိပညာပေးစာစောင်၊ လူကုန်ကူးမှုအသိပညာပေးစာစောင်များနှင့် ၂၀၂၂-၂၀၂၃ ခုနှစ်ပညာရေးဆိုင် ရာကိစ္စရပ်များအကြောင်း နံရံကပ်စာစောင်များနှင့် ဗဟုသုတရရှိ​စေမည့် သုတ၊ ရသစာအုပ်များကို ဆရာဆရာမများ၊ ကျောင်းသား​​ကျောင်းသူများက စိတ်ပါ၀င်စားစွာ လေ့လာခဲ့ကြကြောင်း သိရသည်။


ကြည်​ဇေ​သော် 

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)