MNP ၊ ဒီဇင်ဘာ ၅
ယနေ့ နံနက်ပိုင်းက နေပြည်တော် အဝိုင်း(၉)ဝိုင်းတွင် လှည့်၍ ယန်းကီး (အမေရိကန်) မြန်မာနိုင်ငံမှ ထွက်သွားရန်နှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အဆိုအား ကန့်ကွက်ရှုတ်ချပွဲကို ဆောင်ရွက်ခဲ့ကြသည်။
အမေရိကန်တွင်ပြဋ္ဌာန်းသည့် NDAA ဥပဒေတွင် CRPH, NUG, PDF အကြမ်းဖက်အဖွဲ့များကို ကူညီပံ့ပိုးပေးမည်ဟု ပြဋ္ဌာန်းခြင်း၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ တွင် ဗြိတိန်က အဆိုတင်၍ အစိုးရအား အကြမ်းဖက်မှုများ လျှော့ချရန် ပြောဆိုမှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်လုပ်ရပ်များကို ကြူးလွန်နေသူများမှာ CRPH, NUG, PDF အကြမ်းဖက်အဖွဲ့များ ဖြစ်သည်ကို မျက်ကွယ်ပြု၍ လုပ်ဆောင်နေခြင်းကြောင့် ကန့်ကွက်မှုများ ဖြစ်ပေါ်လာခဲ့သည်။
ယနေ့နံနက် နေပြည်တော် အဝိုင်း(၉)ဝိုင်း တွင် လှည့်လည်ဆန္ဒပြသူများက "Yankee Get Out ၊ ကုလသမဂ္ဂ တရားမမျှတ ဒို့မြန်မာ ရှုံချ၊ ဘဘဘိုဒန် ဘက်ဂျက်ဖန် စုစုအင်္ဂလန် ပြန်မှအေး၊ လူသတ် အကြမ်းဖက် PDF အလိုမရှိ၊ ယန်းကီး ရမ်းမဖြီးနဲ့ လှမ်းတီးပစ်လိုက်မယ်၊ လုံခြုံရေးကောင်စီ၏ မမှန်ကန်တဲ့ ဆုံးဖြတ်ချက် အမြန်ပြန်ဖျက်၊ အမေရိကန်နိုင်ငံကြောင့် အေးချမ်းသာယာသွားတဲ့ နိုင်ငံရှိရင် ပြပါ" အစရှိသော ပိုစတာများ ကိုင်ဆောင်၍ ဆန္ဒပြခဲ့ကြသည်။
အမေရိကန်နှင့် ကလုသမဂ္ဂလုံခြုံရေးကောင်စီ တို့က CRPH, NUG, PDF အကြမ်းဖက်အဖွဲ့များဘက်မှ ရပ်တည်ဆောင်ရွက်နေမှုများကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရန်ကုန်၊ မန္တလေး၊ ပုသိမ်၊ မော်လမြိုင် တို့တွင် ကန့်ကွက်ရှုတ်ချမှုများ ပြုလုပ်ခဲ့ကြပြီး ယနေ့ နေပြည်တော်တွင် လှည့်လည် ရှုတ်ချကန့်ကွက်ခဲ့ကြခြင်းဖြစ်သည်။
NLD အစိုးရအနေဖြင့် ၁၁.၃ သန်း ကျော် မဲမသမာမှုကြီးကို ကြူးလွန်ခဲ့ခြင်းကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်က အာဏာအရပ်ရပ်ကို လွှဲပြောင်းရယူခဲ့ရပြီး NLD ဦးဆောင်သူများက CRPH, NUG, PDF အစရှိသော အဖွဲ့အစည်းများကို ဖွဲ့စည်းပြီး အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများကို ပစ်မှတ်ထား လုပ်ကြံသတ်ဖြတ်မှုများ ကြူးလွန်လာခြင်းကြောင့် အကြမ်းဖက်အဖွဲ့များအဖြစ် နိုင်ငံတော်က တရားဝင်ကြေညာခဲ့ရသည်။ CRPH, NUG အဖွဲ့ဝင်များမှာ ပြည်ပနိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်သွားကြသော်လည်း PDF အမည်ခံ အကြမ်းဖက်အဖွဲ့မှာ နေ့စဉ် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများအား ယုတ်မာရိုင်းစိုင်းစွာ လုပ်ကြံသတ်ဖြတ်မှုများ ကြူးလွန်လျက်ရှိရာ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်း ၄၅၀၀ အထိ သေဆုံးခဲ့ရပြီး ဖြစ်သည်။
https://t.me/MyanmarNationalPost














No comments:
Post a Comment