ပရီးမီးယားလိပ်ပွဲစဉ် ၂၁ တနင်္ဂနွေနေ ည ပွဲစဉ်များအတွက် ပွဲကြိုသုံးသပ်ချက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပရီးမီးယားလိပ်ပွဲစဉ် ၂၁ တနင်္ဂနွေနေ ည ပွဲစဉ်များအတွက် ပွဲကြိုသုံးသပ်ချက်



MNP - ဇန်နဝါရီ  ၂၂


ပရီးမီးယားလိပ်ပွဲစဉ်ပွဲစဉ် ၂၁ အဖြစ် တနင်္ဂနွေနေ့(ယနေ့) မြန်မာစံတော်ချိန် ည ၈:၃၀ အချိန်မှာ စတင်ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ယနေ့ညမှာတော့ ပရီးမီးယားလိပ်ပွဲစဉ် ၃ ပွဲယှဉ်ပြိုင်ကစားဖို့ ရှိနေတာဖြစ်ပြီး ပွဲကြီးပွဲကောင်းအဖြစ် အမ်းမရိတ်မှာ အာဆင်နယ်အသင်းနှင့် မန်ယူအသင်းတို့ ယှဉ်ပြိုင်ကစားကြမှာပါ။


မန်စီတီး - ဝုဖ် (ယနေ့ည ၈:၃၀)

မန်ချက်စတာစီးတီးအသင်းနှင့် ဝူဗာဟမ်တန်အသင်းတို့ဟာ မန်စီးတီးအိမ်ကွင်း အီးတီးဟတ်မှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ဝုဖ်အသင်း လက်ရှိရာသီ ရုန်းကန်နေရပြီး မန်စီးတီးအိမ်ကွင်းလည်း ဖြစ်တာကြောင့် အိမ်ရှင်စီတီဇင် တို့ကဘဲ ဂိုးပြတ်နိုင်ပွဲရယူသွားပါလိမ့်မယ်။


လိဒ် - ဘရန့်ဖို့စ် (ယနေ့ည ၈:၃၀)

လိဒ်ယူနိုက်တက်အသင်းနှင့် ဘရန့်ဖို့စ်အသင်းတို့ဟာ လိဒ်အိမ်ကွင်း အယ်လန်ရုတ်မှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ဘရန်ဖို့စ်ပိုကောင်းပေမယ့် အရဲစွန့်ပြီး အိမ်ရှင်ဖြစ်တဲ့ လိဒ်ကို ဘဲ အနိုင်ပေးချင်ပါတယ်။


အာဆင်နယ် - မန်ယူ  (ယနေ့ည ၁၁:၀၀)

ဒီကနေ့ညရဲ့ အကောင်းဆုံးသော ပွဲစဉ်အဖြစ် အာဆင်နယ်အသင်းနှင့် မန်ချက်စတာယူနိုက်တက်အသင်းတို့ဟာ အမ်းမရိတ်မှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ဒီနှစ်သင်းဟာ လက်ရှိအချိန်အတော်လေး ကောင်းမွန်းနေပြီး အစဉ်အလာကလည်း ပြင်းထန်တာကြောင့် နှစ်သင်းပေါင်းသွင်းဂိုးများနိုင်ပြီး အိမ်ရှင် အာဆင်နယ်ကဘဲ အနိုင်ရမည်ဖြစ်ကြောင်း ခန့်မှန်းလိုက်ရပါတယ်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)